မော်ကျွန်း သီတဂူစက္ခုဒါနဆေးရုံ မျက်စိခွဲစိပ်ကုသမှု မှတ်တမ်း
၂၄-၁-၂၀၁၅ရက်နေ့က စပြီး ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ သီတဂူ လှဆန်းယဉ် စက္ခုဒါနဆေးရုံတွင် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်တွင်းပြည်ပ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ သွား အထူးကုဆရာဝန်ကြီးများက မျက်စိဝေဒနာရှင်များနှင့် သွား ခံတွင်းဝေဒနာရှင်များအား လူမျိုးမခွဲ ဘာသာမခွဲခြားဘဲ မည်သည့်ဘာသာ မည်သည့်လူမျိုးမဆို ကြည့်ရှု စမ်းသပ် ကုသပေးခဲ့သည်။
ယနေ့အထိ-- ၃ ရက်အတွင်း မျက်စိခွဲစိပ်ကုသမှု
-----------------------------------------
ကြည့်ရှုစစ်ဆေး ( ၅၈၀ )ယောက်
ခွဲစိပ်ကုသ (၂၅၀)ယောက်တို့ကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ ထိုအထဲတွင် အစ္စလာမ်ဘာသာဝင်များလည်း ပါဝင်သည်။
သွားနှင့်ခံတွင်း ( ၁၈၀) လူနာများကို ကုသပေးခဲ့သည်။
၂၉-၁-၂၀၁၅ နေ့အထိ ခွဲစိပ်ကုသပေးမည် ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြု အဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား