Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

၁၉ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး ပထမနေ့

$
0
0
၁၉ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး ပထမနေ့

၁၉ ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ အစည်းအဝေးကြီးကို မှော်ဘီမြို့၊ ဆေကိန္ဒာရာမတောရကျောင်းတိုက်တွင် ၂၀၁၅ခုနှစ် ဇန္န၀ါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသည်။ ၂၆ ရက်နေ့ ညနေပိုင်းတွင် အကြိုအစည်းအဝေးကျင်းပသည်။ ဒီကနေ့ ၂၇ ရက်နေ့တွင် မနက်ပိုင်းနှင့် နေ့လည်ပိုင်း ၂ ကြိမ်ကျင်းပသည်။ ညပိုင်း ယောဆရာတော်၏ တရားပွဲ ကျင်းပည်သည်။

ထိုအစည်းအဝေးပွဲသို့ ရွှေကျင်သာသနာပိုင် သက်တော် ၉၅ နှစ်ရှိ ၀ါဆိုဆရာတော်ကြီး၊ ဒုတိယသာသနာပိုင် ဆရာတော်များ၊ ဂိုဏ်းလုံးဝန်ဆောင် ဆရာတော်များ၊ ထင်ရှားကျော်ကြားသော သီတဂူဆရာတော်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၊ ယောတိပိဋကဆရာတော် စသော ဆရာတော်ကြီးများလည်း တက်ရောက်ကြသည်။ ချင်းပြည်နယ်မှ တပါး တစ်နိုင်ငံလုံးရှိ ရွှေကျင်းကျောင်းပေါင်း ၃၅၀၀ ကျော်မှ ၅ သောင်းကျော်သော ရွှေကျင်သံဃာတော်တို့ကိုယ်စား သံဃာ (၁၀၀၀) ကျော်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရွှေကျင်ဂိုဏ်းသာသနာတော် ကြီးပွားရေး၊ ညီညွတ်ရေး၊ ပြန့်ပွားရေး အပြင် ဂိုဏ်းတွင်းဖြစ်ပေါ်နေသော အခက်အခဲပြသနာများ အကြောင်း၊ ပြည်ပရှိ ရွှေကျင်ဂိုဏ်းသာသနာအကြောင်း ဆွေးနွေးကြသည်။

နေ့လည်ပိုင်းတွင် ရွှေကျင်းဂိုဏ်းနှင့်စပ် စာတမ်းဖတ်ပွဲများ ကျင်းပသည်၊ ထိုစာတမ်းဖတ်ပွဲကို သီတဂူဆရာတော်ကြီးက သဘာပတိ (အခမ်းအနားမှူး)အဖြစ် ဆောင်ရွက်သည်။

သီတဂူဆရာတော်နှင့်စပ်သော အကြောင်းရာပါလာ
-----------------------------------
ဆွေးနွေးပွဲ စာတမ်းဖတ်ပွဲများတွင် သီတဂူဆရာတော်ကြီးအကြောင်း ထည့်ပြောသွားသည်များကို ကြားလိုက်ရသည်။

(က) သာသနာပိုင် ၀ါဆိုဆရာတော်ကြီး၏ သီတဂူဆရာတော်ကြီး၏ မဟာဒါနအကြောင်း

(ခ) ၀ိဇိတာရုံဆရာတော်ကြီးက သီတဂူဆရာတော်ကဲ့သို့ စံပြ သာသနာပြု အကြောင်း

(ဂ) သီရိလင်္ကာ ရွှေကျင်သံဃာများက သာသနာတော်အတွက် စွမ်းစွမ်းတမံအားထုတ်သော သီတဂူဆရာတော်ကို ကျေးဇူးတင်ကြောင်း

(ဃ) အမေရိကန်သာသနာပြု ရဟန်းတစ်ပါးက အမေရိကန်၊ တက္ကဆက်ပြည်နယ်ရှိ သီတဂူဆရာတော်ကြီး၏ စေတီ၊ ကျောင်း၊ ကန်တို့သည် မြန်မာမှု မြန်မာဟန် ထုထည်ကြီးမားစွာ တည်ဆောက်ထားပုံအကြောင်း

(င) ဒေါက်တာ အရှင်စန္ဒနသာရ (ကျောက်မဲဆရာတော်)၏ “ ရွှေကျင်ဂိုဏ်းရဲ့စာတမ်းအစ သီတဂူဆရာတော်က”ဟု သောအကြောင်း (စာတမ်းဖတ်ပွဲထည့်သွင်းကျင်းပလာတာ ၁၆ ကြိမ်မြှောက် ညောင်ရွှေ ရွှေကျင်းဂိုဏ်းလုံးကျွတ်အစည်းအဝေးတွင် သီတဂူဆရာတော်မှ စတင်ခဲ့သည်)

သာသနာတော်အတွက် စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းကြကုန်သော ဆရာတော်သံဃာတော်များကို ဂါရ၀ပြုလျက်-------------

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁-၂၀၁၅

Viewing all articles
Browse latest Browse all 413

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>