Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

မော်ကျွန်း သီတဂူလှဆန်းယဉ် မျက်စိအလှူတော်

$
0
0
မော်ကျွန်း သီတဂူလှဆန်းယဉ် မျက်စိအလှူတော်

ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့၊ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတွင် ၂၄-၁-၂၀၁၅ နေ့ကစပြီး သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်တွင်း ပြည်ပ မျက်စိအထူးကု ဆရာဝန်ကြီးများက စမ်းသပ် စစ်ဆေး ခွဲစိပ်ခြင်းများ ပြုလုပ်ပါသည်။

ပထမဆုံးရက်တွင်-------
လူနာပေါင်း (၁၇၀၀)ကျော် စာရင်းပေးသွားထားသည်။
စမ်းသပ် (၃၇၄) စစ်ဆေးပေးပြီး။
ခွဲစိပ်လူနာ ( ၇၀ )ယောက်ကို ခွဲစိပ်ကုသပေးပြီး။ ဒီကနေ့ (၄၃)ယောက်ခွဲစိပ်မည်။

ထိုအထဲတွင် အသက် (၁၀၅)နှစ်ရှိ အဘိုး ဦးမြမောင်၊ မဘေ-ကွန်းသီးကျောင်းကျေးရွာ၊ မော်ကျွန်း၊ (သားသမိး (၁၀)ယောက်ရှိ၊ ၃ယောက်သာကျန်ဟုဆို၊ လမ်းမလျှောက်နိုင်၊ ယခုတစ်ယောက်တည်းနေ၊) လည်းပါသည်။ ယခုအခါ မျက်စိအလင်း ရသွားပြီ ဖြစ်သည်။

ဆက်လက်ပြီး ကျန်ရှိ မျက်စိဝေဒနာရှင်များကို ကုသနေဆဲဖြစ်သည်။ ၂၉-၁-၂၀၁၅ နေ့အထိ ခွဲစိပ်ကုသပေးမည် ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁-၂၀၁၅

Viewing all articles
Browse latest Browse all 413

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>