မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံး ဝမ်းသာစရာ သတင်းကောင်း....
(သီတဂူဆရာတော်ဘုရားကြီးနှင့်တကွ မြန်မာပြည်ပြန်ရန် မလေး(လဝက)ရုံးတွင် လက်ဗွေနှိပ်ရန်သွားသော မြန်မာအမျိုးသား/သ္မီးများ အမှတ်တရ)
လေဆိပ်မှ ဆင်းလျင်ဆင်းချင်း မလေးရှား လဝကရုံးသို့ တိုက်ရိုက်ကြွရောက်တော်မူလာပါတယ်၊ ဒီနေ့ လဝကရုံးမှာ လက်ဗွေနှိပ်ရန် ရောက်ရှိနေသူများအားဒုက္ခရောက်နေသည်ဟု ကြား၍ ရောက်လာခဲ့ရကြောင်း မိမိမှာ အလှူငွေ ကန်ဒေါ်လာ (၁၀၀၀၀၀) ပါလာကြောင်း တတ်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း လက်ရှိ လဝကရုံးတွင် ပေးဆောင်နေရသော ဒဏ်ကြေး (၄၀၀)အား သီတဂူအထောက်အကူပြုအဖွဲ့မှ ဆရာတော်ဦးဆောင်၍ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း။
ထို့ကြောင့် ယနေ့မှစတင်၍ အမိမြန်မာပြည်သို့ ပြန်လိုသူများအနေဖြင့် ငွေကုန်ကြေးကျမရှိဘဲ မိမိတို့အိမ်သို့ ပြန်နိုင်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်...........
၁။ မလေးရှားနိုင်ငံ မြန်မာသံရုံးမှ ယာယီနိုင်ငံသူလက်မှတ်(CI) အခမဲ့ထုတ်ပေးခြင်း။
၂။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်တည်ထောင်ထားသော ဧရာဝတီေ ဖာင်ဒေးရှင်းမှ လေယဉ်လက်မှတ်နှင့် လဝကရုံးသို့သွားလာရန်၎င်း လေဆိပ်သို့ပို့ဆောင်ရန်၎င်း ဘစ်ကားများ စီစဉ်ပေးခြင်း။
၃။ မြန်မာပြည် သီတဂူအထောက်အကူပြုအဖွဲ့မှ သီတဂူဆရာတော်ကြီးဦးဆောင်၍ လဝက ရုံးမှ ဒဏ်ကြေး (၄၀၀) အား ပေးဆောင်ပေးခြင်း။ အစရှိသောအကူအညီများအားလုံးကို ကျွန်တော်များ ဧရာဝတိစေတနာ့ဝန်ထမ်းအဖွဲ့(မလေးရှား)နှင့်အတူ မည်သည့် ငွေကြေးကောက်ခံခြင်း တစ်စုံတစ်ရာမရှိဘဲ ဆောင်ရွက် နေပါသဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း........
ဤသတင်းအားလဲ SHARE မျှဝေပေးခြင်းအားဖြင့် မြန်မာနိုင်ငံသားများအားလုံးသိစေရန် ကုသိုလ်ယူနိုင်ကြပါတယ်......
Myo Nyunt ဖေ့ဘုတ်မှ ကူးယူသည်။
ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၃