Quantcast
Channel: သီတဂူစတား
Viewing all 413 articles
Browse latest View live

မြန်မာ+ကိုရီးယား တက္ကသိုလ်နှစ်ခု လက်မှတ်ထိုး

$
0
0
မြန်မာ+ကိုရီးယား တက္ကသိုလ်နှစ်ခု လက်မှတ်ထိုး
--------------------------

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် ၁၂-၆-၂၀၁၅ နေ့က Gyeongji မြို့ Dongguk တက္ကသိုလ်နှင့် သီတဂူတက္ကသိုလ်တို့အကြား  ဆရာ၊ ကျောင်းသားနှင့် ပိဋကတ်တော်များ လှဲလှယ်ရေး နားလည်မှုစာချွန်လွှာ (MOU)အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိနှင့် ဒွန်ဂူးတက္ကသိုလ် ပါမောက္ခချုပ်တို့က လက်မှတ် ရေးထိုးခဲ့ပါသည်။

The Chancellor of Sitagu International Buddhist, Sagaing, Myanmar and the Rector of Dongguk University (Gyeongju Campus) of institute of Buddhist studies signed the MOU to explore the areas of exchanging Students and teachers and Tipitaka Material between two universities.

Posted by သီတဂူသတင်း
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၆-၂၀၁၅
www.sitagustar2020.net

သီတဂူ ကျောင်းသား ဆရာတွေ့ဆုံပွဲ (၁)

$
0
0
သီတဂူ ကျောင်းသား ဆရာတွေ့ဆုံပွဲ (၁)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် သင်ကြားစီမံအဖွဲ့နှင့် ဗုဒ္ဓဓမ္မပါဒကအတန်း (လူဝတ်ကြောင်များအတွက် သီးသန့်) ကျောင်းသူ ကျောင်းသားများတွေ့ဆုံ မိတ်ဆက်ပွဲကို ဒီကနေ့ နံနက် (၈း၀၀)နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ သန္နိပါတခန်းမဆောင်၌ ကျင်းပသည်။

သင်ကြားစီမံအဖွဲ့က ဆရာများက ကျောင်းစီးကမ်းများ၊ သြ၀ါဒများ ပြောကြား၊ ပေးကြသည်။
နေ့လည်ပိုင်း (၁း၃၀)တွင်လည်း ဘီအေတန်းနှင့် ဒီပလိုမာ ကျောင်းသား ကျောင်းသူများနဲ့ တွေ့ဆုံပွဲ ရှိပါသေးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၆-၂၀၁၅
www.sitagustar2020.net

သီတဂူသာသနာပြုအဖွဲ့ (အောက်မြန်မာပြည်) အစည်းအဝေးကျင်းပ

$
0
0
သီတဂူသာသနာပြုအဖွဲ့ (အောက်မြန်မာပြည်) အစည်းအဝေးကျင်းပ
-----------------------------------------
ဒီကနေ့ (၁၄-၆-၂၀၁၅) ညနေ (၃း၃၀)က သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်၊ အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံပွဲတစ်ရပ် ကျင်းပသည်။
ထိုတွေ့ဆုံပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးဆရာတော်များနှင့် သီတဂူကပ္ပိယကာရက အဖွဲ့တို့ တက်ရောက်ကြသည်။

အကြောင်းအရာများ
----------------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းသားအသစ်ကြိုဆို တွေ့ဆုံပွဲ (Fresher-Welcome)ကို (၂၀-၆-၂၀၁၅) နေ့ နံနက် ၇း၀၀ နာရီက စတင်ပြီး ကျင်းပမည်ဖြစ်ကြောင်း၊ ထိုကျောင်းအသစ်ကြိုဆိုပွဲသို့ ယခုနှစ်တက်ရောက် ပညာသင်ကြားကြမည့် (က)ဘီအေတန်း၊ (ခ) ဒီပလိုမာတန်း၊ (ဂ) ဗုဒ္ဓဓမ္မပါဒကအတန်း စုစုပေါင်း ကျောင်းသား (၅၆၀) ယောက်နှင့် ဒီပလိုမာတန်းနှင့် ဗုဒ္ဓဓမ္မပါဒကအတန်းတွင် ဘွဲ့ခံကျောင်းသား (၂၀၀)ကျော်၊ စုစုပေါင်း (၈၀၀) ၀န်းကျင်သော ကျောင်းသားများ တက်ရောက်ကြရမည် ဖြစ်ကြောင်း အစည်းဝေးပြုလုပ်ကြသည်။
ထိုပွဲအတွက် ကျောင်းသားများအား စာအုပ်စာတန်းများ လှူဒါန်းခြင်း၊ ဘွဲ့ခံပုဂ္ဂိုလ်များအား ဘွဲ့လက်မှတ်များ ပေးအပ်နှင်းခြင်း၊ အထူးဆုများ ပေးခြင်း၊ ကျွေးမွေးဧည့်ခံခြင်း၊ အထူးဧည့်သည်များ ဖိတ်ကြားခြင်း စသည့် ကျောင်းသားအသစ်ကြိုဆိုပွဲနှင့် စပ်သော အကြောင်းအရာများကို တိုင်ပင် ညှိနှိုင်းခြင်း၊ တာဝန်ကိုယ်စီ ခွဲဝေကြခြင်းများပြုလုပ်ကြသည်။ ထို့ပြင် သီတဂူသာသနာပြုဆိုင်ရာများ အကြောင်းကိုလည်း ထည့်သွင်း တိုင်ပင်ကြသည်။

ဖိတ်ကြားခြင်း
----------------------
သို့ဖြစ်ပါ၍ ယခုနှစ် တက်ရောက်ကြမည့် ကျောင်းတော်သူ ကျောင်းတော်သားများ၊ ဘွဲ့လက်မှတ်ခံယူကြမည့် ကျောင်းတော်သူ ကျောင်းတော်သားများ၊ သီတဂူကပ္ပိယကာရကအဖွဲ့ဝင်အားလုံးနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၆-၂၀၁၅
www.sitagustar2020.net

မော်စကို ကျောင်းအလှူတော်

$
0
0
မော်စကို ကျောင်းအလှူတော်
-------------------------
၁-၇-၂၀၁၅နေ့ ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်မည့် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ ကျောင်းတော်ကြီး အလှူတော်အတွက် သီတဂူဆရာတော်ကြီး စပ်ဆိုသည်။

ဒို့များ “ညီ”တူ၊ ကျောင်းအလှူကား
သောင်းဆူစကြာဝဠာ၊ နတ်ဗြဟ္မာတို့
ဖရဏာပီတိ၊ ဂွမ်းဆီထိသို့
ပီတိသဉ္စနန၊ ၀မ်းမြောက်ရအံ့။


ရခဲစွာလှ၊ လူ့ဘ၀၌
သဒ္ဓမ္မသုံးဖြာ၊ သာသနာ၏
အခွင့်သုံးဝ၊ ဆုံးရှူံးကြသည့်
ပစ္စန္တဗိုလ်၊ လူထိုထိုတို့
သင်ဘို့ ကျင့်ဘို့၊ အားထုတ်ကြဘို့
ငါတို့ပေါင်းစု၊ ကောင်းစွာပြုသည်
သောင်းထုစကြာဝဠာကျော်၊ ဤကျောင်းတော်သည်
ရေရှားဘေးခ၊ ကန္တာရကြမ်း၊ ခရီးလမ်းဝယ်၊
ပင်ပန်းစွာလှ၊ သွားလာကြ၍၊
ဓမ္မသီတာရေ၊ မွတ်သိပ်နေသည့်
ဝေနေယျခပင်း၊ ထိုလူတသင်းတို့အတွက်
အိုအေစစ်လား၊ ကန္တာရမိုးလား?
လား၊ လား၊ လေး၊ လေး
တွေးရပလောက်၊ ကန္တာရမှာ
ကြာပေါက်လေပြီ၊ ကောင်းချီးသီလျှက်
နတ်ပြည်၊ မဟဂ္ဂုတ်၊ ဘ၀ဂ်လှုပ်အောင်
အုတ်အုတ်ကျက်ကျက်၊ ဓမ္မစက်သံ
မိုးသို့ညံသည်၊ ဓမ္မအောင်လံ ထူခဲ့ပြီတကား။ ။
သီတဂူဆရာတော်

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၆-၂၀၁၅
www.sitagustar2020.net

ဘွဲ့ခံကျောင်းသားများသို့ အသိပေးခြင်း

$
0
0
ဘွဲ့ခံကျောင်းသားများသို့ အသိပေးခြင်း
------------------
၂၀-၆-၂၀၁၅ နေ့တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတ ခန်းမဆောင်၌ ကျင်းပမည့် အောင်လက်မှတ် ပေးပွဲတွင် ဘွဲ့ယူကြမည့်---
(က) ဗုဒ္ဓဓမ္မဒီပလိုမာတန်း Diploma in Buddha dhamma ဘွဲ့ရ (၈၀)ဦး (၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်)
(ခ) ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ (၂၉၁) ဦး၊ (၂၀၁၃-၄၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်) တို့သည်
၁၈-၆-၂၀၁၅ နေ့ နေ့လည် (၁း၀၀) နာရီတွင် ဘွဲ့ယူပုံ အစမ်းလေ့ကျင့်(Rehearsal) ရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတ ခန်းမဆောင်သို့ မပျက်မကွက် ကြွရောက်ကြပါရန် အသိပေးအပ်ပါသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၆-၂၀၁၅
www.sitagustar2020.net

ဘွဲ့ခံအစမ်းလေ့ကျင့် (Rehearsal) ပြုလုပ်

$
0
0
ဘွဲ့ခံအစမ်းလေ့ကျင့် (Rehearsal) ပြုလုပ်
------------------
၂၀-၆-၂၀၁၅ ရက်နေ့ ဘွဲ့လက်မှတ် ခံယူကြမည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းတော်သူ ကျောင်းတော်သားများ (၂၀၁၃-၄ ပညာသင်နှစ်နှင့် ၂၀၁၄-၅ ပညာသင်နှစ်) သည် ဒီကနေ့ (၁၈-၆-၂၀၁၅) နေ့လည် ၁း၀၀ နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတခန်းမဆောင်၌ ဘွဲ့ယူပုံ အကြိုလေ့ကျင့်မှု ပြုလုပ်သည်။

ကျောင်းသား (၃၀၀)ကျော်လောက်ကို ဘွဲ့လက်မှတ်များ ချီးမြင့်မည် ဖြစ်သည်။ ထို့ပြင် ကျောင်းသားအသစ် (၄၀၀)၀န်းကျင်တို့ကို ကြိုဆိုသည့်ပွဲလည်း ဖြစ်သဖြင့် အချိန်နှင့် နေရာ အဆင်ပြေစေရန် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်။

နေရာချပုံများ
--------------------
(က) ဘုရားခန်း သံဃာစင်မြင့်ပေါ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီးနှင့် ရန်ကုန်တိုင်းဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်ကြီး နှစ်ပါးနေရာ၊ စင်မြင့်မှာပဲ တက္ကသိုလ် အဓိပတိဆရာတော်ကြီးက ဘွဲ့လက်မှတ်များများ ချီးမြင့်မည်။

(ခ) သံဃာစင်မြင့်အောက်
----------------------------

၁။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၂။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၃။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာ ကျောင်းသား အသစ်များ

၎။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၅။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၆။ အလှူရှင်များ၊ ကပ္ပိယကာရကအဖွဲ့များ

၇။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ကျောင်းသား အသစ်များ
တက်ရောက်မည့် ဘွဲ့ခံပုဂ္ဂိုလ်များ

မှတ်ချက်။ ဘွဲ့ခံယူမည့် ရဟန်းတော်များသည် တူညီသော အုဋ္ဌ်ခဲရောင် သင်္ကန်းအ၀ါကို ၀တ်ရုံပြီး ကြွရန်

ဗုဒ္ဓဓမ္မပါဒကဘွဲ့ယူမည့် ကျောင်းတော်သူ ကျောင်းတော်သားများကလည်း တူညီသော ယူနီဖောင်းဝတ်စုံနှင့် စလွယ်တို့ကို သေသပ်စွာ ၀တ်ဆင်ကြရန်

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၆-၂၀၁၅
www.sitagustar2020.net

သီတဂူ အောင်လက်မှတ်ပေးပွဲ (ရန်ကုန်)

$
0
0
သီတဂူ အောင်လက်မှတ်ပေးပွဲ (ရန်ကုန်)
-------------------

ဒီကနေ့ (၂၀-၆-၂၀၁၅)နေ့ နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ သန္နိပါတခန်းမဆောင်ကြီးအတွင်းမှာ ဗုဒ္ဓဓမ္မဒီပလိုမာနှင့် ဗုဒ္ဓဓမ္မပါဒက အောင်လက်မှတ် ပေးပွဲ၊ ကျောင်းသားအသစ် ကြိုဆိုပွဲ အခမ်းတို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီး၊ ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)၊ ကထိကဆရာများ၊ ဘွဲ့ခံကျောင်းသား (၃၀၀)ကျော်၊ ကျောင်းသားအသစ်များ၊ အလှူရှင်များ၊ သီတဂူကပ္ပိယကာရကအဖွဲ့များ တက်ရောက်ကြသည်။

စာအောင်ကျောင်းသားအားလုံးအား အဓိပတိ ဆရာတော်ကြီးကိုယ်တိုင် အောင်လက်မှတ်များ ချီးမြှင့်ပေးသည်။

လူ (၁၂၀၀)ကျော်အတွက် အကျွေးအမွေးနှင့် ကြွရောက်လာသော သံဃာတော်များ လှူဒါန်းမှုတို့ကို ရွှေသံလွှင်မိသားစုက ပြုလုပ်သည်၊ စာအုပ်စာတမ်းကို စိန်မြှားမိသားစု၊ ပိုင်ကုမ္ပဏီမိသားစုတို့က အသီးအသီးလှူဒါန်းကြသည်။

“သီတစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၆-၂၀၁၅
www.sitagustar2020.net

သီတဂူကျောင်းသားသစ်ကြိုဆိုပွဲ (စစ်ကိုင်း)

$
0
0
သီတဂူကျောင်းသားသစ်ကြိုဆိုပွဲ (စစ်ကိုင်း)
-----------------------

ဒီကနေ့ (၂၂-၆-၂၀၁၅) နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်မးဆောင်ကြီးတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသားသစ်ကြိုဆိုပွဲ ကို ကျင်းပပြုလုပ်သည်။

ထိုအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ ဝေဇယန္တာဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော်၊ သင်ကြားစီမံဆရာတော်များ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဝေဇယန္တာဆရာတော်က သြ၀ါဒပေးသည်။ အဓိပတိဆရာတော်က ကျောင်းသားသစ်ကြိုဆိုသောအားဖြင့် သြ၀ါဒစကား ပြောကြားသည်။ ဒေါက်တာ သဇ္ဇနက ကျောင်းသားစာရင်းများ ပြောသည်။ ဒေါက်တာ ကုမာရမှ ကျောင်းသားစည်းကမ်းများ ပြောသည်။

၎င်းနောက် ကျောင်းသားကဒ်အသီးသီးကို မော်ကွန်းထိန်းဆရာတော် ဒေါက်တာပဏ္ဍိတ၀ရာဘိဝံသက ပေးအပ်သည်။
အလှူရှင်များက ကျောင်းသားသစ်များကို လှူဖွယ်များ လောင်းလှူပြီး နေဆွမ်းကပ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၆-၂၀၁၅
www.sitagustar2020.net
ဓာတ်ပုံ-သီတဂူကထိက အရှင်သူရိယ (စစ်ကိုင်း)

ကျောင်းသားသစ်ကြိုဆိုပွဲကျင်းပ (မန္တလေး)

$
0
0
ကျောင်းသားသစ်ကြိုဆိုပွဲကျင်းပ (မန္တလေး)
-------------------------------

ဒီကနေ့ (၂၃-၆-၂၀၁၅) နံနက်ပိုင်း၊ မန္တလေးတောင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသားအသစ် ကြိုဆိုပွဲကျင်းပသည်။

ထိုပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ သင်ကြားစီမံဆရာများ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

(၂၀-၆-၂၀၁၅ ရက်နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
(၂၂-၆-၂၀၁၅)နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တို့မှာ ကျောင်းသားအသစ်ကြိုဆိုပွဲများ ကျင်းပပြီးခဲ့ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၆-၂၀၁၅
www.sitagustar2020.net

သီတဂူ စကာၤပူ အထူးတရားပြဲ

$
0
0
သီတဂူ စကာၤပူ အထူးတရားပြဲ
-----------------

သီတဂူဆရာတော်ကြီးသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရ၀ဒါဗုဒ္ဓဘာသာ ကျောင်းတော်ကြီးဖွင့်ပွဲသို့ မကြွမီ စင်္ကာပူသို့ ခေတ္တ၀င်မည် ဖြစ်ပါသည်။

စင်္ကာပူရောက်ခိုက် (၂၇-၆-၂၀၁၅) စနေနေ့ စင်္ကာပူစံတော်ချိန် ညနေ (၆း၃၀) စင်္ကာပူရောက် မြန်မာပြည်သူများအား တရားတော်များ ချီးမြင့်မည် ဖြစ်ပါသည်။

နေရာ= The Arena Country Club, 511 Upper Jurong Road, Singapore 638366, Neare Joo Koon MRT

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၅
www.sitagustar2020.net

သီတဂူဆရာတော် အမေရိကန်ဒေါ်လာ သုံးသာင်း လှူ (နီပေါလ်မြေငလျင်)

$
0
0
သီတဂူဆရာတော် အမေရိကန်ဒေါ်လာ သုံးသာင်း လှူ (နီပေါလ်မြေငလျင်)
---------------------------------------

ဒီကနေ့ (၂၅-၆-၂၀၁၅) နေ့လည်ပိုင်းက သီတဂူဆရာတော်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံရုံးသို့ ကြွတော်မူသည်။ ပြီးခဲ့တဲ့ ( ၂၅-၄-၂၀၁၅)က လှုပ်ခက်သွားသော နီးပေါလ်နိုင်ငံ မြေငလျင်ကြောင့် လူပေါင်း ၈၈၀၀ ကျော် အသက်ဆုံးရှုံးရပြီး၊ သိန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ရပါသည်။

သီတဂူဆရာတော်ကြီးက လူသားချင်းစာနာထောက်ထားသောအားဖြင့် ထိုမြေလျင်ဒဏ်ခံများ ပြန်လည်ထူထောင်ရေးအတွက် အထောက်ကူဖြစ်စေရန် အမေရိကန်ဒေါ်လာ သုံးသောင်း (၃၀၀၀၀)တို့ကို မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံအမတ်ကြီးအား ပေးလှူခဲ့သည်။ 

သီတဂူဆရာတော်ကြီးက အလှူပမာဏဟာ သေးငယ်ပေမဲ့ နှလုံးသားမှ လာသော မေတ္တာ ကရုဏာတွေဖြစ်ကြောင်း မိန့်သည်။

သီတဂူဆရာတော်ကြီးကို သံရုံးမိသားစုများက ၀မ်းပန်းတသာ ကြိုဆိုကြသည်
(အလားတူ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်ရေဘေးအတွက် ပါကစ္စတန်သံရုံးသို့သွား၍ အမေရိကန်ဒေါ်လာ တစ်သောင်း လှူခဲ့ဖူးသည်)

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၅

မော်စကို မြန်မာကျောင်း ဖွင့်ပွဲ ပြင်ဆင်မှု

$
0
0
မော်စကို မြန်မာကျောင်း ဖွင့်ပွဲ ပြင်ဆင်မှု
------------------

၃၀-၆-၂၀၁၅ နေ့က သီတဂူဆရာတော် ဦးဆောင်သော မြန်မာဆရာတော်များ၊ ရုရှားနိုင်ဆိုင်ရာ မြန်မာသံရုံး မိသားစုများ၊ ရုရှားရောက် မြန်မာကျောင်းသားများက ၁-၇-၂၀၁၅ နေ့ ကျောင်းတော်ကြီး ဖွင့်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ဘုရားအနေကဇာတင်ခြင်းများ ပြုလုပ်ခြင်းတို့ကို တပျော်တပါးကြီး ဆောင်ရွက်ကြပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၇-၂၀၁၅
www.sitagustar2020.net


ရုရှား မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ ကျောင်းတော်ဖွင့်ပွဲ

$
0
0
ရုရှား မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ ကျောင်းတော်ဖွင့်ပွဲ
------------------------

ဒီကနေ့ (၁-၇-၂၀၁၅) ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ စွမ်းအင်တက္ကသိုလ်မှာ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖွင့်လှစ်ပွဲ၊ ကျောင်းလွတ်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပနိုင်ခဲ့ပါသည်။

ထိုဖွင့်ပွဲ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးဦဆောင်သော ဒေါက်တာ အရှင်ဆေကိန္ဒ၊ တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရနှင့်  မြန်မာ၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်မှ ဆရာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှမိသားစု၊ စစ်ရေးချုပ်ဗိုလ်ချုပ်ဆန်းဦးနှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော် သံအမတ်ကြီးဦးတင်ယုနှင့် ဇနီး အပါအဝင် ရုရှားနိင်ငံရောက် ပညာတော်သင် သင်တန်းသားများ အားလုံးက ညီညာဖြဖြ တက်ရောက်ကြသည်။

ထိုကျောင်းတော်ကြီးဖြစ်မြောက်အောင် သီတဂူဆရာတော်ကြီး၊ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၊ ပြည်ထောင်စုမြန်မာနိုင်ငံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မိသားစု၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နေပြည်တော် တပ်မတော်ကာကွယ်ရေးမှ မိသားစုများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ အလှူရှင်များ၊ ပြည်ပမှ အလှူရှင်များ၊ ရုရှားနိုင်ငံရှိ မြန်မာကျောင်းသားများတို့က စုပေါင်းလှူဒါန်းကြပါသည်။

ဓာတ်ပုံ-TarYar
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၇-၂၀၁၅
www.sitagustar2020.net

အမေရိကန်လွတ်လပ်ရေးနေ့ပွဲတက်

$
0
0
အမေရိကန်လွတ်လပ်ရေးနေ့ပွဲတက်
--------------------

ဒီကနေ့ (၂-၇-၂၀၁၅) ညနေ ၆း၃၀နာရီ က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအိမ်တွင် (၂၃၉)နှစ်မြောက် အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ခဲ့သည်။

ထိုအခမ်းအနားသို့ မိမိတို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ကထိက ဆရာများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ သမ္မတအကြံပေး ၀န်ကြီး ဦးစိုးသိန်း၊ NLD မှ နာယကကြီး ဦးတင်ဦးနှင့် နိုင်ငံတကာ သံတမန်များ၊ အထူးဧည့်သည်တော်များ တက်ရောက်ကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၇-၂၀၁၅
www.sitagustar2020.net

ရုရှားနိုင်ငံထဲက ကမ္ဘာကျော် မြန်မာ့ပုံရိပ်တစ်ခု

$
0
0
ရုရှားနိုင်ငံထဲက ကမ္ဘာကျော် မြန်မာ့ပုံရိပ်တစ်ခု
------------------
၂၀၁၅-ခု ဇူလိုင် ၂ ရက် နေ့သည် သမိုင်းဝင်သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ သီတဂူဆရာတော် ဦးဆောင်သော သံဃာတော်များက ယင်းနေ့တွင် ကမ္ဘာ့ မှတ်ဥာဏ်အကောင်းဆုံးအဖြစ် ဂင်းနစ် မှတ်တမ်းဝင်ခဲ့သည့် တိပိဋက မင်းကွန်း ဆရာတော်ဘုရားကြီး၏ ရုပ်တုကို ဖွင့်လှစ်ခဲ့သောကြောင့်ပင် ဖြစ်ပါသည်။

သီတဂူဆရာတော်ဘုရားကြီးနှင့် တိပိဋကဓရ ဦးဂန္ဓမာလာလင်္ကာရ (မြင်းခြံဆရာတော်) ဦးဆောင်သော တပည့်သံဃာ (၁၄)ပါး၊ မြန်မာသံအမတ်ကြီး ဦးတင်ယု ဦးဆောင်သော မြန်မာဒကာ ဒကာမ (၅၅) ဦးတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှ ကီလိုမီတာ ၁၅၀ ခန့်ဝေးကွာသည့် အက်နားမီယာအရပ် ကာလုကာမြို့ရှိ ကမ္ဘာ့ယဉ်ကျေးမှု ရွာတွင် မင်းကွန်းဆရာတော်ဘုရားကြီး ရုပ်တုတော်ဖွင့် ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ 


သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သောအဖွဲ့သည် မော်စကို မြို့မှ နေ့လည်ဆွမ်းစားပြီး (၁၂) နာရီခန့်တွင် မြန်မာထေရ၀ါဒ ဗုဒ္ဓ၀ိဟာရမှ ထွက်ခွါခဲ့ပြီး ကမ္ဘာ့ယဉ်ကျေးမှု ကျေးရွာသို့ ဒေသစံတော်ချိန် နေ့လည်၂ နာရီ ၃၀ မိနစ်ခန့် ရောက်ရှိခဲ့ကြသည်။

သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သောအဖွဲ့ကို ရုရှားမြန်မာ ချစ်ကြည်ရေးအဖွဲ့မှ ရိုးရာယဉ်ကျေးမှု ဓလေ့ အဆိုအတီး၊ အစား အစာတို့ဖြင့် နွေးထွေးစွာကြိုဆိုခဲ့ကြသည်။

ထိုနောက် သီတဂူဆရာတော်ဘုရားကြီးသည် မြန်မာပြည်မှ စေတီပုထိုးများနှင့် မြန်မာ့ရိုးရာဓလေ့များကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို ပြသထားသည့် ပြခန်းကို ကြည့်ရှုခဲ့ပြီး မင်းကွန်းဆရာတော်ဘုရားကြီး ရုပ်တု ဖွင့်လှစ်မည့် အခန်းသို့ ကြွရောက်တော်မူပါသည်။

ထိုပြခန်းထဲ၌ ကမ္ဘာပေါ်တွင် ထင်းရှားကျော်ကြားသည့် စာပေ ပညာရှင်များ၊ ထူးချွန်ထက်မြက်သည့် အတွေးအခေါ်ပညာရှင်များ၊ ကိုးကွယ်ရာ ဘာသာတရားကို တည်ထောင်ခဲ့ကြသည့် ဘာသာရေး ခေါင်းဆောင် များ၏ ရုပ်တုများကို (မြတ်ဗုဒ္ဓ၏ ရုပ်ပွါးတော်၊ မဟတ္တမဂန္ဓီ ရုပ်တု) အစရှိသော ရုပ်တုပေါင်းငါးဆယ်ကျော်ခန့်ကို စုဆောင်းပြီး ပြသထားပါသည်။

မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တု ဖွင့်လှစ်ပွဲ
----------------------------
ထိုပြခန်းမှာပင် မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တု ဖွင့်လှစ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်းပင် ဖြစ်ပါသည်။

ထိုအခမ်းအနားတွင် ရှေးဦးစွာ ပြခန်းထဲရှိ ရုပ်တုများကို ထုလုပ်ခဲ့သည့် ပန်းပုဆရာ Mr. Aleksey Leonov က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ထို့နောက် ကျေးဇူးရှင် သီတဂူဆရာတော်ကြီးက ၀မ်းမြောက် ကြောင်းစကား မြွက်ကြားတော်မူခဲ့ပါသည်။

သီတဂူဆရာတော် မိန့်ကြားတော်မူပြီးသည့်နောက် ရုရှားမြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဌ Mr.Dmetry Malov က ကျေးဇူးတင် ၀မ်းမြောက်စကား ပြောကြားပြီး၊ သီတဂူဆရာတော် ဘုရားကြီးနှင့် သံအမတ်ကြီး ဦးတင်ယု၊ ပန်းပုဆရာ Mr. Aleksey Leonov တို့က ဖဲကြိးဖြတ်၍ ဖွင့်လှစ်ခဲ့ပါသည်။

ထိုမှတစ်ဆင့် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် သီတဂူ ဆရာတော်ဘုရားကြီးက မှတ်တမ်းရေးသားခဲ့ပြီး ကမ္ဘာ့ယဉ်ကျေးမှု ကျေးရွာကို ကားဖြင့် လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ကျေဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တုတော် ဖွင့်ပွဲသို့ သီတဂူဆရာတော်ဘုရားကြီး တက်ရောက်ဖွင့်လှစ်နိုင် ခြင်းသည် မြန်မာနိုင်ငံအတွက် အလွန်ဂုဏ်ယူဖွယ်ကောင်းသည့် သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးလိုက်ခြင်းပင် ဖြစ်ပေတော့သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
Posted by သီတဂူဒေါက်တာ အရှင်သုန္ဒရ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၇-၂၀၁၅

သီတဂူအာရောဂျဒါနဆေးရုံ (ရပ်စောက်မြို့)

$
0
0
သီတဂူအာရောဂျဒါနဆေးရုံ (ရပ်စောက်မြို့)
----------------------

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့၊ သီတဂူအာရောဂျဒါနဆေးရုံတွင် သီတဂူဆရာတော်ကြီး၏ ညွှန်ကြားမှုဖြင့် မျက်စိကုသမှုများ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုရင် သုံးရက်မြောက်နေ့ဖြစ်သည်။

ဒေါက်တာမြအောင် ဦးဆောင်သော သီတဂူစက္ခုဒါနအဖွဲ့၊ ညောင်ရွှေမြို့၊ အင်းလေး သီတဂူမျက်စိအထူးကုအဖွဲ့နှင့် ရပ်စောက်မှ ဆရာဆရာများ၊ စေတနာ့ဝန်ထမ်းများက မျက်စိကုသမှုများကို ဆောင်ရွက်ကြသည်။

စမ်းသပ်လူနာ- ၄၈၈ ယောက်
ခွဲစိပ်ပြီးလူနာ-၆၃ ယောက်ရှိပြီး၊ ဆက်လက်ပြီး ခွဲစိပ်မှုများဆောင်ရွက်လျှက်ရှိပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြု အဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၇-၂၀၁၅
www.sitagustar2020.net

စစ်ကိုင်းဘုရင်နှင့် နှစ်(၇၀၀)ပြည့်

$
0
0
စစ်ကိုင်းဘုရင်နှင့် နှစ်(၇၀၀)ပြည့်
------------------------

မြန်မာသက္က ရာဇ် ၆၇၇ ခုနှစ်တွင် အသင်္ခယာ စောယွမ်းမင်း တည်ထားခဲ့သော စစ်ကိုင်းမြို့သည် ယခုအခါ နှစ်ပေါင်း (၇၀၀) ရှိပြီ ဖြစ်ပါသည်။

နှစ် (၇၀၀)ပြည့်အထိမ်းအမှတ်အဖြစ် သီတဂူဆရာတော်ကြီး၏လမ်းညွှန်မှုဖြင့် မြေငလျှင်ဒဏ်ထိထားသော စစ်ကိုင်းမြို့ထဲက ရှေးဟောင်း ထူပါရုံစေတီတော်ကြီး ပြုပြင်ပြီး ထီးတော် စိန်ဖူးတော်တင်လှူပွဲ၊ ဘုရားအနေကဇာတင်လှူပွဲ၊ သံဃာတော်များအား သံဃဒါနအလှူပွဲများ၊ အပြင် ဇူလှိုင် ၂၅-၂၆-၂၇-၂၈ ရက်များတွင် ပွဲတော်များ ကျင်းပမည်ဖြစ်သည်။

မကြာသေးမီက ကြေးပိဿာချိန် (၁၀၀၀)ကျော် အလေးချိန်ရှိသည့် အသင်္ခယာ စောယွမ်းမင်း ၏ ရုပ်ထုကို သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တမ္ပ၀တီဦးဝင်းမောင်က ထုလုပ်သည်၊ ဆရာတော်ကြီး၏ ကုသိုလ်ဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၇-၂၀၁၅
www.sitagustar2020.net

သီတဂူ ရွှေဥ၏ ကျပ်သိန်းပေါင်း ၃၃၀၀ ကျော် အလှူပွဲကြီး

$
0
0
သီတဂူ ရွှေဥ၏ ကျပ်သိန်းပေါင်း ၃၃၀၀ ကျော် အလှူပွဲကြီး
-------------------------

ဒီကနေ့ (၁၂-၇-၂၀၁၅) လှည်းကူးမြို့၊ မဇ္ဈိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာမှာ သီတဂူ ဒေါ်ရွှေဥ (ရွှေဥရာစုသစ် ရတနာရွှေဆိုင်)ရဲ့ သိန်းပေါင်း ၃၃၀၀ ကျော်အကုန်ကျခံ ဆောက်လုပ်လှူဒါန်းသော သုံးထပ်ကျောင်းဆောင် ကျောင်းလွတ်ပူဇော်ပွဲအခမ်းအနား ကျင်းပသည်။
ထိုပွဲသို့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် မဘသ ဥက္ကဋ္ဌဆရာတော်ကြီးနှင့်တကွ ပင့်သံဃာ ၆၇ ပါး၊ နိုင်ငံတော် ဒု-သမ္မတ ဒေါက်တာ စိုင်းမောင်ခမ်း၏ ဇနီး၊ အလှူရှင်မိသားစုနှင့် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ တက်ရောက်ကြသည်။
သိန်းပေါင်း ၃၃၀၀ ကျပ်ကျော် ကျောင်းလွတ်ပူဇာ၌
------------------------
ပင့်သံဃာ ၆၇ ပါး သင်္ကန်းဒွိစုံနှင့် န၀ကမ္မ တစ်သိန်းကျပ်စီ
ကျောင်းနေ စာသင်သား ၉၂ ပါးတို့အား သင်္ကန်းဒွိစုံနှင့် န၀ကမ္မ ၂ သောင်းကျပ်စီ လှူဒါန်းသည်။
များစွာ အလှူ
------------------------

ထို့ပြင် အလှူရှင် ဒေါ်ရွှေဥသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူအာယုဒါနဆေးရုံ ပစ္စည်း၊ သဲကုန်းသီတဂူအာယုဒါန ဆေးရုံ၊ ရခိုင်ပြည် ဆေးရုံသုံးပစ္စည်းများအပါဝင် ရန်ကုန်၊ ပဲခူး၊ သံလျှင်၊ လှည်းကူး စသော မြို့များရှိ ပရိယတ္တိစာသင်တိုက်၊ ကမ္မဋ္ဌာန်းရိပ်သာနှင့် လူမှုရေးအသင်းတို့အား လှူခဲ့ပြီးသည်မှာ ကျပ်ငွေ သိန်းပေါင်း ၂ သောင်းကျော်ရှိသွားသည်ဟုလည်း သိရပါသည်။
နိုင်ငံနှင့် လူမျိုး၊ အမျိုးဘာသာ သာသနာအတွက် များစွာအားကိုးရသော ကျောင်းအမကြီးသည် သက်ရှည်ကျန်းမာ စိတ်ချမ်းသာစွာ ဆက်လက် ကောင်းမှုပါရမီများ ဆောင်ရွက်နိုင်ပါစေ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၇-၂၀၁၅
www.sitagustar2020.net

မဂ္ဂဇင်းအတွက် စာမူ ဖိတ်ခေါ်ခြင်း

$
0
0
မဂ္ဂဇင်းအတွက် စာမူ ဖိတ်ခေါ်ခြင်း

စစ်ကိုင်းတောင်ရိုး၊ အာလောင်ရွာ၊ ရှစ်မျက်နှာကျောင်းတိုက်၏ ဆရာတော်သည် လာမည့်နှစ် ၁၃၇၈ ခုနှစ် ၀ါဆိုလတွင် (၇၅)နှစ်ပြည့်မည် ဖြစ်ပါသည်။ ဆရာဘုန်းကြိး၏ ၇၅ နှစ် စိန်ရတုမင်္ဂလာ ပူဇော်ပွဲကို အနယ်နယ်အရပ်ရပ်မှ တပည့်များက စုပေါင်း ပူဇော်လိုကြသည် ဖြစ်သည်။

၂၂-၇-၂၀၁၅ နေ့က ဆရာဘုန်းကြီးကျောင်း (ရှစ်မျက်နှာကျောင်း)မှာ ဆရာဘုန်းကြီးအပါဝင် တပည့်တွေ စုဝေးတိုင်ပင်ဖြစ်သည်။

ဆရာဘုန်းကြီးက “မိမိမှာ ကျပ်သိန်း ၂၀၀ ကျော်လောက် ဘဏ်မှာထည့်ထားတယ်၊ စာသင်တိုက်သို့ပို့ထားတဲ့ တပည့်တွေ ဘွဲ့တွေရပြီးလျှင် ဒီနေရာမှာ စာသင်တိုက်ကလေး အဖြစ်ဖန်တီးပြီး ထောက်ပံ့ပေးချင်ကြောင်း၊ ယခုတော့ စာသင်တိုက်ဖြစ်ဖို့က အလှမ်းဝေးနေတဲ့အတွက် ဒီ ၂၀၀ ကျော်ထဲကနေ ၂၅ သိန်းလောက်ကို မွေးနေ့အမှတ်တရ မဂ္ဂဇင်းတစ်အုပ်အတွက် အသုံးပြုရန်နှင့် ကျန်ငွေများကို ကျောင်းကနေ စစ်ကိုင်း-မင်းကွန်းလမ်းအထိ ကွန်ကရစ်လမ်းခင်ရာဝယ် အသုံးပြုလိုကြောင်း” ဟု မိန့်သည်။

သို့ဖြစ်ခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ တည့်အပေါင်းတို့သည် ၁၃၇၇ ခုနှစ်၊ တပေါင်းလ နောက်ဆုံးထား၍ အောက်ပါတို့ကို အောက်ပါလိပ်အတိုင်း ပို့ပေးရန်--

(က) ရှစ်မျက်နှာဆရာတော်၏ တပည့်များသည် မိမိတို့၏ အတ္ထုပ္ပတ္တိကို ဓာတ်ပုံတစ်ပုံနှင့်အတူ ပို့ပေးရန်

(ခ) မည်သူမဆို မွေးနေ့ ပူဇာအတွက် ဆောင်းပါး၊ အမှတ်တရ စကားလက်ဆောင်များ၊ ကဗျာ၊ ဂါထာ၊ တေးထပ်၊ ရတုများ ပေးပို့ရန်

လိပ်မူရန်--

(က) ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အီမေးလ်-sitagustar2010@gmail.com/ No 09-250790483


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၅-၇-၂၀၁၇

www.sitagustar2020.net




စစ်ကိုင်းမြို့တည် နှစ်-၇၀၀ပြည့်ပွဲကျင်းပ

$
0
0
စစ်ကိုင်းမြို့တည် နှစ်-၇၀၀ပြည့်ပွဲကျင်းပ

ဒီကနေ့ (၂၆-၇-၂၀၁၅) တနင်္ဂနွေနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့တည် နှစ် (၇၀၀)ပြည့်အထိမ်းအမှတ်အဖြစ် နန်းမြို့တည် အသင်္ခယာစောယွမ်းမင်း၏ ကြေးရုပ်ထုဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ထိုအခမ်းအနားသို့ သီတဂူဆရာတော်ကြီး၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ မင်းကွန်း တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ အမှူးပြုသော ဆရာတော်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်သာအေးနှင့် အစိုးရတာဝန်ရှိသူများတက်ရောက်ကြသည်။

မှတ်ချက်။ ။ ရုပ်ထုကို သီတဂူဆရာတော်ကြီးက လှူဒါန်းသည်၊ ဆရာတော်ကြီး၏ ညွှန်ကြားချက်ဖြင့် တမ္ပ၀တီ ဦးဝင်းမောင်က ထုလုပ်လသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၇-၂၀၁၅

Viewing all 413 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>