သံတွဲရောက် သီတဂူဆရာတော်ကြီး
တကျော့ပြန် ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့ ရောက်နေသော သီတဂူဆရာတော်ကြီးသည် အောက်တိုဘာ (၇) ရက်နေ့က သံတွဲမြို့ ခန်းမဆောင်ကြီးတွင် ငြိမ်းချမ်းရေး တရားဟောကြားခဲ့သည်။ ဒေါသတွေ လျှော့ကြဖို့၊ ဒေါသမျက်လုံးဖြင့် အချင်းချင်း မကြည့်ကြဖို့၊ ဒေါသကို ထိန်းချုပ်ကြဖို့ ဟောကြားခဲ့သည်။
အောက်တိုဘာ (၈)ရက်နေ့ မနက်ပိုင်းမှာတော့ အစ္စလာမ်အဖွဲ့အစည်းများကို တွေ့ဆုံ ဟောပြောခဲ့သည်။ အလားတူး အချင်းချင်း ခွင့်လွတ်ကြဖို့၊ သည်းခံကြဖို့ ဒေါသတွေ လျှော့ချဖို့အပြင် ပြည်တွင်းမှာ ဖြစ်သည့် ပြဿနာကို ကိုယ့်ပြည်တွင်းမှာပဲ ဖြေရှင်းကြဖို့၊ ကိုယ့်ပြည်တွင်းကလူ အချင်းချင်း ညှိနိုင်းဖြေရှင်းကြဖို့၊ အင်တာနက်စာမျက်နှာပေါ်က သတင်းအမှားတွေကိုလည်း မယုံကြဖို့ မိန့်ကြားခဲ့သည်။ အိုအိုင်စီတို့လို ပြည်ပအဖွဲ့အစည်းများကို အားကိုးပြီး ဖြေရှင်းလျှင်ကား ပြဿနာ ပိုမိုကြီးထွားစေသည်၊ ကိုယ့်သေတွင်းကို ကိုယ်တိုင်တူးရာ ရောက်ကြောင်းကိုပါ မိန့်ကြားခဲ့သည်ဟု သိရသည်။
ထိုဒေသတွေမှာ လိုအပ်တဲ့ စာသင်ကျောင်းများကို သီတဂူဆရာတော်က တတ်နိုင်သလောက် ဆောက်လုပ် လှူဒါန်းမည်ဟု သိရသည်၊ နိုင်ငံတော်အစိုးရကလဲ ပျက်စီးဆုံးရှုံးသွားသော အိမ်များကို တစ်အိမ်လျှင် (၁၀) ဆယ်သိန်းကျပ်စီ ထောက်ပံ့မည်ဟုလည်း သိရသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၀-၂၀၁၃
Sent at 7:56 AM