Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

ဆီဒိုးနားဟိုတယ်မှာ ရွှေအိုး ငွေအိုးမြုပ်သူများ

$
0
0
 ဆီဒိုးနားဟိုတယ်မှာ ရွှေအိုး ငွေအိုးမြုပ်သူများ

၁၃၇၅ ခုနှစ် ၀ါခေါင်လကွယ်နေ့ (၄-၉-၂၀၁၃) နေ့၊ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ သီတဂူအလှူတော်မင်္ဂလာပွဲကြီး ကျင်းပပြုလုပ်ခဲ့သည်။
ထိုအလှူမင်္ဂလာပွဲကြီးက အလှူရှင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ကျောင်းအမကြီး ဒေါ်ယဉ်ထွေး၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲပဲ ဖြစ်ပါသည်။
ကျောင်းအမကြီး၏ မွေးနေ့ပွဲမှာ သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ အကယ်ဒမီတွင် လက်ထောက် ကထိကဆောင်အတွက် ကျပ်ငွေ သိန်း ၂၀၀၀ (နှစ်ထောင်)၊ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွက် ကျပ်ငွေ သိန်း ၂၀၀ (နှစ်ရာ)၊ သီတဂူဆရာတော်ကြီး၏ န၀ကမ္မအလှူတော်ငွေအတွက် ကျပ် သိန်း ၃၀၀ (သုံးရာ) နှင့် ပင့်သံဃာ အပါး ၁၀၀ တို့အား တစ်ပါးလျှင် တစ်သိန်းကျပ်စီ ကျပ်သိန်း ၁၀၀ (တစ်ရာ) တို့ကို လှူဒါန်းခဲ့ပါသည်။

ပင့်သံဃာနှင့် အထူးဖိတ်ကြားထားသူ ပရိသတ်အပေါင်းအား အစာအာဟာရတို့ဖြင့် ဆက်ကပ်ခြင်း ကျွေးမွေးခြင်းများကို ဆီဒိုးနားဟိုတယ်မှာပဲ ပြုလုပ်ခဲ့ပါသည်။

ထိုပွဲတွင် သီတဂူဆရာတော်ကြီးက ရွှေအိုးမြုပ်သူများအကြောင်းကို ဟောထားသည်မှာ အလွန့်အလွန်ကို ကောင်းမွန်လှသည်၊ ငယ်ငယ်က ထိုတရား ခဏခဏ နာကြားခဲ့ဖူးပေမဲ့ ဆရာတော်ကြီး၏ ထူးခြားသော အတွေးအမြင်များနှင့် ဟောကြားအပ်သော တရားတော်ကို တဖန် နာကြားရသူမှာ ပီတိမျက်ရည်ကျမတတ် အရသာရှိလှသည်၊ အလှူရှင်တွေရဲ့ မျက်လုံးတွေမှာလဲ ပီတိမျက်ရည်တွေ ဖုံးလွမ်းလို့နေသည်ကို တွေ့ရသည်။ အလှူရှင်များ ပီတိမျက်ရည်ကျအောင် ဟောစွမ်းနိုင်သော ဆရာတော်ကြီး၏ မေတ္တာတော်ကလဲ ထူးခြားလို့နေသည်။

ဆရာတော်ကြီးသည် အခမ်းအနားပြီးပြီးချင်းပဲ သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓနှစ်၂၆၀၀ ပြည့် အထိမ်းအမှတ် ဗုဒ္ဓဘာသာညီလာခံပွဲသို့ တစ်ပတ်ခရီး ကြွသွားတော်မူသည်။

မှတ်ချက်။ ။ ထိုတရားဗီဒီယိုခွေကို မကြာမှီ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ဖြန့်ချီပါလိမ့်မည်။ နာဖြစ်အောင် နာကြပါရန် သတင်းကောင်းပါးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၉-၂၀၁၃


Viewing all articles
Browse latest Browse all 413

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>