Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

မဟာဗောဓိ ဗုံးပေါက်ကွဲ

$
0
0
သီတဂူစတား: အထူးသတင်း

ဒီကနေ့ ၇-၇-၂၀၁၃ မနက်စောစော ၅း၃၀ နာရီ လောက်က မဟာဗောဓိပင် ဗုံး ၅ လုံး ဆက်တိုက် ပေါက်ကွဲသည်ဟူသော သတင်း ကြားလိုက်ရသည်။
မဟာဗောဓိပင်သည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် တည်ရှိသည်။ မနက်စောစော ပဋ္ဌာန်းရွတ်ပွားလေ့ရှိသော မြန်မာရဟန်းတော်

တစ်ပါး ထိမှန်သဖြင့် ဆေးရုံတင်ထားရကြောင်း၊ ဘုရားကြီး အပျက်အဆီး အခြေအနေ ကွဲကွဲပြားပြား မသိရသေးကြောင်း။ ယခုအခါ လုံခြုံရေးတွေ ရှုပ်ထွေးနေသဖြင့် အတွင်းကို ၀င်ခွင့်မရှိကြောင်း- ဗုဒ္ဓဂယာရှိ မိတ်ဆွေ ရဟန်းတစ်ပါးက မနက်စောစော ဖုန်းဆက် အကြောင်းကြားပါသည်။ မြန်မာဘုရားဖူးအဖွဲ့များ သွားလေ့ အချိန်မဟုတ်သဖြင့် အသေအပျောက်နဲသည်။

တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်မြတ်ထားရာ နေရာဖြစ်သည်။ မြတ်ဗုဒ္ဓ ကဆုန်လပြည့်နေ့ သဗ္ဗညုတဥာဏ်ရရာ နေရာဖြစ်သည်၊ ၇ရက် ၇လီ- ၄၉ ရက် ၇ဌာနမှာ ကမ္မဋ္ဌာန်းအားထုတ်ရာ နေရာလည်းဖြစ်သည်။

ဗုဒ္ဓဘာသာတို့ အထွဋ်မြတ်ထားရာ နေရာကို ဒီလိုဖျက်ဆီးလိုက်ခြင်းသည် ဗုဒ္ဓဘာသာတစ်ခုလုံးကိုပါ ပက်ပက်စက်စက် စော်ကားလိုက်ခြင်းဖြစ်သည်။

မြတ်ဗုဒ္ဓကို ကြည်ညိုသူတို့ လေးစားသူတို့ လုံးခြုံရေး အလွန်ညံ့ဖျင်းသည့် အိန္ဒိယလို နေရာမျိုးမှာ ဘုရားဖူးအဖြစ် မလာသင့်။

ဒီလို ဖျက်ဆီး တိုက်ခိုက်လေ့ရှိသည့် အစွန်းရောက်တို့ မည်သူ မည်ဝါ မည်သည့်ဘာသာက ဖျက်ဆီး၊ စော်ကားနေသည်ကို အထူးစစ်ဆေးစရာမလိုဘဲ လူတိုင်းသိကြသည်။

အားလုံး သတိ ၀ီရိယ ရှိကြပါ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၇-၂၀၁၃

အခု နောက်တိုး သတင်းအရ ဗုံးပေါက်ကွဲမှုမှာ ၈လုံးဖြစ်သည်၊ ဘုရားအတွင်း အပြင်နှင့် အနီးတ၀ိုက်က ဂျပန်ဘုရား (ရုပ်ပွားဆင်းတု)ကြီးမှာ ရော ပေါက်ကွဲ၊ ဒဏ်ရာ ရသော ရဟန်းတော်မှာ အရှင်ဝိလာသဂ္ဂ (မြင်းခြံ) ဟုလည်း သိရသည်။

Viewing all articles
Browse latest Browse all 413

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>