Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

သီတဂူဆရာတော် ဗုဒ္ဓဂယာရောက်

$
0
0

သီတဂူဆရာတော်ကြီး ဗုဒ္ဓဂယာရောက်

သီတဂူဆရာတော်ကြီး ဒီဇင်ဘာ (၁)ရက်နေ့က ဗုဒ္ဓဂယာသို့ ရောက်ရှိလာသည်။ နိုဝင်ဘာ (၃၀)ရက် ည ရန်ကုန် တရားပွဲနှင့် ဒီဇင်ဘာ(၁) ရက်နေ့ ဗုဒ္ဓဂယာသို့ ကြွရန် ရန်ကုန်ရောက်နေစဉ် မုံရွာ ကြေးနီတောင် အရေးခင်းကြောင့် သံဃာ တော်တော်များများ ဒဏ်ရာ ပြင်းထန်စွာ ရသည်ကို ကြားသိရသဖြင့် ချက်ချင်း မုံရွာဘက်သို့အရောက်သွားခဲ့သည်၊ ဒဏ်ရာရ သံဃာများနဲ့ လူဝတ်ကြောင်များကိုပါ အားပေးစကား ပြောကြားခဲ့သည်၊ အလှူငွေများလဲ ပေးလှူခဲ့သည်။ ထိုအရေးနဲ့ပတ်သက်ပြီး (၃၀)ရက်နေ့ည ရန်ကုန်တရားပွဲတွင် ထည့်သွင်း ဟောကြားခဲ့သည်ဟု ဆရာတော်ကြီးက မိန့်သည်။ ထိုတရားနာယူနိုင်ပါသည်။ တခါ ချက်ချင်းပဲ ရန်ကုန်ပြန်လာပြီး နောက်နေ့မနက် ဗုဒ္ဓဂယာဘက်သို့ ရောက်လာခဲ့သည်။
(သီတဂူဆရာတော်ကြီးနဲ့အတူ မစိုးရိမ်ဆရာတော်ကြီး၊ နာလန္ဒာတက္ကသိုလ် ဒေါက်တာပန့်တို့ ဗုဒ္ဓဂယာ အခမ်းအနားတွင် တွေ့ရစဉ်)

၂-၁၂-၂၀၁၂ (၈) ကြိမ်မြောက် နိုင်ငံတကာ တိပိဋကရွတ်ဆို ပူဇော်ပွဲကို အစဉ်အလာ မပြတ် ကျင်းပလျှက်ရှိသည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်တွင် ဒီဇင်ဘာ (၂) ရက်နေ့မှ (၁၂)နေ့အထိ ကျင်းပသည်။ ထိုပွဲကြီးကို ဗုဒ္ဓဘာသာနိုင်ငံများမှ အလှည့်အကျ ဦးဆောင်ဦးရွက် တာဝန်ယူကာ ကျင်းပလေ့ရှိရာ ဒီ (၈)ကြိမ်မြောက်မှာတော့ မြန်မာနိုင်ငံက တာဝန်ယူ ကျင်းပသည်။ ထိုင်းနိုင်ငံကဲ့သို့ တခြားနိုင်ငံတွေမှာတော့ အစိုးရပိုင်းကပါ အကူအညီများပေးသည်ကို တွေ့ရပေမဲ့ မြန်မာနိုင်ငံအလှည့်မှာတော့ ကိုယ်ထူ ကိုယ်ထ ကုသိုလ်ရှင်များ ဖွဲ့စည်းလျှက် တာဝန်ယူ ကျင်းပသည်။
သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာဒကာမများ၊ သီတဂူဂီတဉ္စလီအဖွဲ့ (အလင်္ကာဝတ်ရည်) (အဆို၊ အက၊ ဗုဒ္ဓ၀င်ပြဇာတ်သရုပ် တင်ဆက်)၊ မဇ္ဈိမသံဃာ့မာတာ ကျောင်းအမဒေါ်မြရှင်နှင့်အဖွဲ့နှင့် အစိုးရမဟုတ်သော မြန်မာ့ပြည် စေတနာရှင်များက ပါဝင်ကုသိုလ်ယူကြသည်ကိုလဲ တွေ့ရသည်။

သီတဂူစတား ဂယာရောက်
ထိုပွဲအတွက် ကြွရောက်လာသော သီတဂူဆရာတော်ကြီးကို ဖူးမျှော်လိုခြင်း၊ ဝေယျာဝေစ္စပြုလိုခြင်းနှင့် ဆရာတော်ကြီး၏ တပည့်ဒကာ ဒကာမများအတွက် လိုအပ်သည့်နေရာမှာ ၀ိုင်းဝန်းကူညီရန် သီတဂူစတားလဲ တခြားတပည့်များ နည်းတူ ဗုဒ္ဓဂယာသို့ နိုဝင်ဘာ (၂၈)ရက်နေ့ကထဲက ရောက်ရှိလာသည်။
 
(မြန်မာ့ရိုးရာ ဖျော်ဖြေရေး သီတဂူဂီတဉ္စလီအဖွဲ့နှင့် အမှတ်တရ) 

(မြန်မာ့ရိုးရာ ဖျော်ဖြေရေး သီတဂူဂီတဉ္စလီအဖွဲ့ရဲ့ တခါမှ မမြင်ဖူးသေးတဲ့ ဗုဒ္ဓ၀င်ပြဇာတ်သရုပ်ဖော် အဆို အကတွေကို သဘောကျ ကျေနပ်အားရကြောင်း၊ ကျေးဇူးတင် စကားပြောနေသော မစ်စ် ၀မ်မို)
 နိုင်ငံတကာ တိပိဋကရွတ်ဆို ပူဇော်ပွဲကို မြန်မာပြည်မှ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပုံကို စာရေးသူ ဘုံဘေရောက်မှပဲ စာဖတ်သူများ ကြည်ညိုသဒ္ဓါပွားနိုင်ရန် တင်ပြပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၂

Viewing all articles
Browse latest Browse all 413

Trending Articles


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>