Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၏ (၃)ရက်အလို

$
0
0
ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၏ (၃)ရက်အလို
---------------
၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ (၁၉)ရက်

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံ (The World Buddhist Peace Conference)ကြီးလည်း နီးလာပြီ၊ ၂၀၁၆ခုနှစ် ဇန္န၀ါရီလ ၂၂ရက်နေ့ မနက်ပိုင်း စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်၊ နိုင်ငံပေါင်း ၅၀ ကျော်မှ ပညာရှင်ပေါင်း ၂၀၀ကျော်နှင့် ပြည်တွင်းပညာရှင် စုစုပေါင်း ၅၀၀ကျော်တို့ တက်ရောက်ကြမည် ဖြစ်သည်။

အလွန်ကြီးကျယ်သော အခန်းအနားကြီးဖြစ်သဖြင့် ကြိုဆိုရေး၊ လေကြောင်း ကုန်းကြောင်း ပို့ဆောင်ရေး အစီအစဉ်များ နေရာထိုင်ခင်း၊ ဟိုတယ်နှင့် အစားအစာအတွက် စီမံခြင်းများကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ဦးစီးလျက် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့၊ သီတဂူကပ္ပိယကာရအဖွဲ့တို့က ဆောင်ရွက်လျက်ရှိကြသည်။

အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်ပ သံတမန်များ အထူးဧည့်တော်များ တက်ရောက်ကြမည် ဖြစ်သည်။

ဒီကနေ့က စပြီး ပြည်ပအဖွဲ့ စတင်ရောက်ကြမည်ဖြစ်သည်။ တချို့လည်း ကြိုတင်ရောက်နေကြပြီးဖြစ်သည်။
မှတ်ချက်။ စကိုင်းနက်ရုပ်သံ ဗုဒ္ဓလိုင်းနှင့် အင်္ဂလိပ်ဘာသာ လိုင်းတို့မှ တိုက်ရိုက်လွှင့်ပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Viewing all articles
Browse latest Browse all 413

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>