သီတဂူဆရာတော်ကြီး လန်ဒန်ရောက်
-------------
၂၀၁၅ခုနှစ် နိုဝင်ဘာလ (၄)ရက်
သီတဂူဆရာတော်ဘုရားကြီးသည် ဓမ္မဒူတခရီးအဖြစ်ဖြင့် ထိုင်းနိုင်ငံမှ TG910 လေယာဉ်ဖြင့် အင်္ဂလန်နိုင်ငံ လန်ဒန် မြို့သို့ ၄-၁၁-၁၅ ဗုဒ္ဓဟူးနေ့ မနက် ၆:၃၄နာရီ အချိန်တွင် ရောက်ရှိပါသည်။
သီတဂူဆရာတော်ကြီးကို လေဆိပ်တွင် မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း ဦးဆောင်သော သံအမှူးများက လေဆိပ်၏အတွင်းထဲသို့ ဝင်ရောက် ကြိုဆိုကြပြီး အပြင်ဖက်တွင် ဆရာတော်ဘုရား၏ တပည့်များဖြစ်သော ဦးလောကနာထနှင့် ဒေါက်တာခင်မောင်ထွန်း၊ ဒေါက်တာကိုကို၊ ဒေါက်တာ သိန်းမြင့်တို့က ဂါရဝပြုကာ ကြိုဆိုကြပါသည်။
သတင်းဓာတ်ပုံ- ဦးလောကနာထ (အင်္ဂလန်)
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၁-၂၀၁၅
www.sitagustar2020.net