Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

သီတဂူရေဘေးအလှူတော် ၁၁-၈-၂၀၁၅ AM

$
0
0
သီတဂူရေဘေးအလှူတော်
၁၁-၈-၂၀၁၅ AM

-------------------
သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့ (အထက်-အောက်မြန်မာ)တို့သည် နေ့စဉ် အနဲဆုံး ကုန်တင်ကားကြီး ၃စီး၊ ၄စီးတို့ဖြင့် ရေဘေးသင့်နေရာများသို့ အဆက်မပြတ် ပို့ဆောင်လျက်ရှိသည်။
ဒီနေ့ (၁၁-၈-၂၀၁၅ AM)မှာတော့ ရန်ကုန်တိုင်းဒေသ၊ တိုက်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီနှင့်  ဧရာဝတီတိုင်းဒေသ မြန်အောင်၊ ကနောင်မြို့များဆီသို့ ကုန်တင်ကားကြီး (၄)စီးဖြင့် ဒေါက်တာသုတာစာရာလင်္ကာရ၊ ဒေါက်တာအရှင်သီဟဥာဏာလင်္ကာရ၊ သီတဂူကျောင်းသား ရဟန်းတော်များတို့ ဦးစီးပြီး ဆန်၊ ဆီ၊ ပဲ၊ ဆေးဝါး၊ စားစရာအမျိုးမျိုး၊ သောက်ရေသန့်၊ အ၀တ်အထည်အမျိုးမျိုးတို့ကို သယ်ဆောင်သွားကြပြီ ဖြစ်သည်။
အထက်မြန်မာပြည် သီတဂူအဖွဲ့ကလည်း ကလေးမြို့အတွက် ဆန်၊ အ၀တ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါစသည်တို့ကို မုံရွာဆိပ်ကမ်းကနေ ကလေးဝဆိပ်ကမ်းသို့ သင်္ဘောဖြင့် သယ်ဆောင်ရန် ကုန်တင်ကားကြီးများဖြင့် ထွက်သွားကြပြီ ဖြစ်ပါသည်။

လှူဒါန်းပြီး
--------------
(၃-၈-၂၀၁၅)နေ့မှ (၁၁-၈-၂၀၁၅)နေ့အထိ မြို့နယ် (၄၇)၊ ကျေးရွာ (၁၁၀)တို့ဆီသို့ ကျပ်ငွေ သိန်း (၁၅၃၀)၊ ဆန်အိတ်ပေါင်း (၃၃၀၀)နှင့် အ၀တ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်စသည် ပါသော ကုန်ကားကြီး (၄၅)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်ပို့ခဲ့သည်။

(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)
သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အ၀တ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။

လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၈-၂၀၁၅
www.sitagustar2020.net

Viewing all articles
Browse latest Browse all 413

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>