Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

ရေဘေးသင့်ပြည်သူများအား စောင့်ရှောက်ထောက်ပံ့ရေး အဖွဲ့ ဖွဲ့စည်းရန် ညွှန်ကြား

$
0
0
ရေဘေးသင့်ပြည်သူများအား စောင့်ရှောက်ထောက်ပံ့ရေး အဖွဲ့ ဖွဲ့စည်းရန် ညွှန်ကြား
-----------------

၂၀၁၅-ခုနှစ်၊ သြဂုတ်လ (၂)ရက်
ဒီကနေ့ (၂-၈-၂၀၁၅) (၇း၃၀)မိနစ်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဆရာတော်ကြီး၏ ဧည့်ခန်းမတွင် ကျင်းပသော အစည်းအဝေး၌ “ရေဘေးသင့်ပြည်သူများ ကူညီ စောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့”ကို စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုံးခုရှိ သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ သံဃာတော်များဖြင့် ဖွဲ့စည်းရန် သီတဂူဆရာတော်ကြီးက ညွှန်ကြားလိုက်သည်။

၂၀၁၅ခုနှစ် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ရွာများတွင် ရေဘေးများကျရောက်လျက်ရှိသည်။ ထိုရေဘေးသင့်ပြည်သူများကို ကူညီ စောင့်ရှောက် ထောက်ပံ့နိုင်ရန် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ သံဃာတော်များကို ဆရာတော်ကြီးကိုယ်တိုင် တာဝန်ပေးအပ်သည်။

ထိုအစည်းအဝေး၏ အဆုံးဖြတ်အရ
(၁) အလှူခံဌာနဖွင့်ခြင်း
-------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)ရှိ အလှူခံဌာနတွင် နံနက်၊ နေ့၊ ညနေပိုင်းတို့တွင် ရဟန်းတော်နှစ်ပါးက အလှည့်ကျ တာဝန်ယူကြရန်

(၂) ထိခိုက်ပျက်စီးများသော ရေဘေးသင့်ဒေသများကို ဦးစားပေးရွေချယ်ခြင်း
----------------------
သီတဂူဆရာတော်ကြီးကိုယ်တိုင် ရွေးချယ်ပေးထားသော ရေဘေးသင့်ဒေသများမှာ- စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြိုံ၊ ၀န်သိုလ်မြို့၊ ကျွန်းလှမြို့ ကလေးမြို့။ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့်အနီးတ၀ိုက်။ ကရင်ပြည်နယ်၊ ဘားအံ့မြို့ဒေသ။

(မှတ်ချက်။ ။ ကျန်ဒေသများကို သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ သံဃာတော်များက ရွေးချယ်ရန်)

(၃) လှူဒါန်းရန် မူများ
------------------
အထက်ဖေါ်ပြပြီး ရေဘေးသင့်ဒေသများနှင့် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ သံဃာတော်များက လှူဒါန်းရန် ရွေးချယ်ထားသော ရေဘေးသင့်ဒေသများကို တစ်မြို့နယ်လျှင် ကျပ်သိန်း (၁၀၀)စီ၊ ဆန်တင်း (၁၀၀)စီနှင့် လူသုံးကုန်ပစ္စည်းများ၊ အ၀တ်အစားများ၊ စားစရာများ တတ်နိုင်သလောက် လှူဒါန်းရန်

(၄) လှူဒါန်းရာဝယ်
-------------------
ဆိုင်ရာနယ်ဒေသရှိ သြဇာရှိသော ဘုန်းတော်ကြီးများထံ ချဉ်းကပ်ပြီး ဝေငှနိုင်ရန် (သို့မဟုတ်) ဒေသခံကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုခုသို့ စနစ်တကျပေးအပ်ရန်

(၅) လှူဒါန်းပြီး လှူဒါန်းဆဲနေရာ ဒေသများ
-----------------
 (က) ကလေးမြို့ ဘုန်းတော်ကြီး (၅)ကျောင်းအတွက် ကျပ်သိန်း (၁၀၀)၊ ဆန်အတင်း ၁၀၀ တို့ကို လှူဒါန်းပြီး ဖြစ်သည်။ ထို့ပြင် တခြား လူသုံးကုန်ပစ္စည်းများ၊ အစားအစာ၊ ဆေးဝါး၊ အ၀တအထည်များလည်း လှူဒါန်းသည်။

ကလေးမြို့ရှိ စာသင်တိုက် ၅ တိုက်မှ သံဃာ ၇၀၀ကျော်တို့ ကုန်းမြင့်ရာသို့ ရွှေ့ပြောင်းနေရခြင်း၊ ၀ါဆိုသင်္ကန်းများ မရရှိသေးသဖြင့် ၀ါဆိုသင်္ကန်းအပါးစေ့ လှူနိုင်အောင် စီမံပေးရန်

(ခ) ကောလင်း၊ ၀န်သိုလ်၊ ကျွန်းလှမြို့များသို့ တစ်မြို့နယ်လျှင် ဆန်တင်း (၁၀၀)နှင့် ကျပ်ငွေ သိန်း (၁၀၀)စီနှင့် တခြား လူသုံးကုန်ပစ္စည်းများ အစားအစာ၊ ဆေးဝါး၊ အ၀တ်အထည်များကို လှူဒါန်းရန်

(ဂ) ဘားအံမြို့ (၃-၈-၂၀၁၅ မနက်စောစော သွားရောက်မည်) ငွေကျပ်သိန်း-၁၀၀၊ ဆန်တစ်တင်းခွဲအိတ်×၅၀၊ အ၀တ်အစား၊ စားစရာများကို ကထိကဆရာတော်တစ်ပါးဦးဆောင်ကာ ကပ္ပိယ ဦးကျော်ရှိန်နှင့်အတူ ဦးငြိမ်းတို့က သွားရောက်လှူဒါန်းရန် ဆရာတော်က ညွှန်ကြားသည်။

(ဃ) ရခိုင်ပြည်နှင့် ချင်းပြည်နယ်များကို ဆရာတော်ကြီး ဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးစီး ကြွမည်။

မှတ်တမ်းတင်သူ
ဒေါက်တာ အရှင်ကောဝိဒသိရီ
ဒု-ဥက္ကဋ္ဌ
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၈-၂၀၁၅
www.sitagustar2020.net

Viewing all articles
Browse latest Browse all 413

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>