သီတဂူဆရာတော်ကြီး စင်္ကာပူကြွ
သီတဂူဆရာတော်ကြီးသည် ၇-၄-၂၀၁၅ နေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံသို့ ကြွသွားပြီ ဖြစ်ပါသည်။
ဆရာတော်ကြီးသည် စင်္ကာပူတွင် ဧပြီလ ၁၁-၁၂ ရက်များတွင် တရားတော်များ ဟောကြားမည်ဖြစ်ပါသည်။ ၁၀ ရက်နေ့တွင် အရှင်တိက္ခသာရက ဦးစွာ ဟောကြားမည် ဖြစ်သည်။
နေရာ=The Arena Country Club, Singapore
အချိန်= ညစဉ် ၇း၃၀ မှ ၉း၀၀နာရီအထိ
ဆရာတော်ကြီးနှင့်အတူ ပစ္ဆာသမဏအဖြစ် အရှင်ဓမ္မိကနှင့် အရှင်တိက္ခသာရတို့လိုက်ပါသည်။
ဆရာတော်ကြီးသည် စင်္ကာပူရောက်ခိုက် ကျန်းမာရေး စစ်ဆေးမှုများပါ ပြုလုပ်မည် ဖြစ်သဖြင့် ဒေါက်တာခင်မောင်ဆွေ (အာရှတော်ဝင်)၊ သီတဂူ ဒေါက်တာမြတ်သူ (အာရှတော်ဝင်)နှင့် ဒေါက်တာသန်းထိုက်အောင်တို့ လိုက်ပါသွားပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၄-၂၀၁၅
www.sitagustar2020.net