Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

အောင်မြင်သော Viva-voce

$
0
0
အောင်မြင်သော Viva-voce
---------------------

ဒီနေ့ (၁၈-၃-၂၀၁၅) နေ့ လည် ၁၂ နာရီက ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)  Ph.D Viva-voce နှုတ်ဖြေကို ဘုံဘေမြို့၊ စောမယကောလိပ်၊ ဆန်စခရစ်ဌာနမှာ ပြုလုပ်ပေးသည်။

ထိုနှုတ်ဖြေစမ်းသပ်ပွဲကို ပြင်ပဆရာအဖြစ် အခြားတက္ကသိုလ်မှ ပါမောက္ခနှစ်ယောက်၊ စောမယကောလိပ် ဆန်စရစ်ဌာနမှ ဒါရိုက်တာနှင့် ဌာနမှူး၊ စာရေးသူ၏ Supervisor ပူနေးတက္ကသိုလ် ဆန်စခရစ်ဌာနမှ ပါမောက္ခ တို့တက်ရောက်ကြသည်။

Power-point ဖြင့် Presentation လုပ်ရသည်။ ၁၅ မိနစ်လောက် အခန်းနှစ်ခန်းမျှကို တင်ပြပြီးရုံမျှဖြင့် ကိုယ့် ငါးပိအသံ အင်္ဂလိပ်ကိုပဲ နားပူလို့ပဲလား မပြောတတ် ဒီလောက်ဆို လုံလောက်ပြီ၊ သိပ်ကောင်း အလွန်ကောင်း၊ အလွန်ပြီးပြည့်စုံကြောင်း ပြောပြီး Congratulation ပြုလုပ်ပေးသည်။

သုတေသနကျောင်းသားတာဝန်
--------------------------
တက္ကသိုလ်ကို မိမိ၏ သုတေသနစာအုပ် ကော်ပီ၊ စီဒီနှစ်ချပ်ပါ ရိုက်ပေးရသည်။ ပါဝါပွိုင့်ဖြင့် တင်ပြရန် ကြိုတင်ပြင်ဆင်ရသည်။ ပြင်ပ စာစစ်ဆရာနှစ်ယောက်အတွက် အသွားအပြန် လေယာဉ်လက်မှတ်ကို ကျောင်းသားကပဲ ပေးရသည်။ စာရေးသူမှာ အမေရိကန် ဒေါ်လာ ၄၀၀ ခန့် ပေးလိုက်ရသည်။ မိမိ၏ ရန်ကုန် ဘုံဘေ လေယာဉ်စရိတ်က ၉၀၀ ကျော်ဆိုတော့ တော်တော်လေး အီသွာသည်။

တကယ်တော့
------------------------
Ph.D Viva-voce ဆိုတာ ကြောက်စရာမဟုတ်၊ မိမိ၏ကျမ်းစာကို အောင်မြင်ပြီးဆုံးကြောင်း ဆရာများစုပြီး လက်မှတ် ထိုးပေးရသည့် ပွဲသာဖြစ်သည်။ အပြင်ပစာစစ်ဆရာလဲ ကိုယ့်ကျမ်းစာကို အချိန်ကုန် အပင်ပန်းခံပြီး ဖတ်ထားမည် မထင်။ လာခါနီးရောက်မှ မေးချင်တဲ့ မေးခွန်းအတွက် ဟိုလှန် ဒီလှန်နေပုံရသည်။

ဘာပဲပြောပြော လုံးဝပြီးသွားသည့်အတွက် ကျေးဇူးတင်ရမည်၊ စိတ်အေးရမည်၊ တချို့ ကျမ်းတင်ပြီး ၂ နှစ်တောင် ကျော်နေပြီ Ph.D Viva-voce မခေါ်သေးသူတွေလည်း ရှိနေသေးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၃-၂၀၁၁၅

Viewing all articles
Browse latest Browse all 413

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>