သီတဂူဆရာတော် ကမ္ဘောဒီးယားနိုင်ငံ သြ၀ါဒပါတိမောက် တရားပွဲ
သီတဂူဆရာတော်ဘုရားကြီးသည် ၃-၂-၂၀၁၅ တပိုတွဲလပြည့်၊ သြ၀ါဒပါတိမောက် အခါတော်နေ့၊ ညချမ်းချိန်ခါ ၇း၃၀ ခန့်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၊ရှိ ဝပ်လင်္ကာကျောင်းတိုက်၊ စုန်တက် မဟာအရိယာဝံသ၊ မဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ စုန်ချန်တော (သုခန္တော) ဆရာတော်၏ တောင်းပန်ချက်၊ စီမံချက်ဖြင့် တရားဟောကြားသည်။
သံဃာတော် ၃၀၀ အပါအဝင် တရားနာပရိသတ် ၇၀၀ခန့် တက်ရောက်နာကြား ကြသည်။
ဆရာတော်က အင်္ဂလိပ်ဘာသာဖြင့် ဟောကြားသည့် ဩဝါဒပါတိမောက် တရားတော်ကို ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Say Amnann က ကမ္ဘောဒီးယားဘာသာသို့ ဘာသာပြန်ပေးသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၂-၂၀၁၅