Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

သီတဂူစတား ကျွန်းလှမြို့ ဓမ္မသဘင်

$
0
0
သီတဂူစတား ကျွန်းလှမြို့ ဓမ္မသဘင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့ လူငယ်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော “ဗုဒ္ဓရောင်ခြည် ဘာသာရေးစာကြည့်အသင်း”၏ ၇နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓမ္မပူဇာသဘင်ကြီးများကို ၅ ရက်တိုင်တိုင်တိုင် ကျင်းပသည်။

တတိယမြောက်နေ့ (၃၁-၁-၂၀၁၅)နေ့ညက ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) တရားချီးမြှင့်သည်။

ဓမ္မကထိ တရားဟောဆရာတော်များအတွက် တည်းခိုရန် ကျွန်းလှမြို့ သီတဂူစက္ခုဒါနတွင် ပြင်ဆင်ထားသည်၊ အလွန်အဆင်ပြေသည်။ နံနက်ဆွမ်း နေ့ဆွမ်းတို့ကိုလည်း ထိုဆေးရုံတော်တွင် လုပ်အားပေးကြသော ၀ိသာခါအဖွဲ့က ပြုစုစောင့်ရှောက်ကြသဖြင့်လည်း ပို၍ အဆင်ပြေသည်။

ဗုဒ္ဓရောင်ခြည် ဘာသာရေး စာကြည့်အသင်းသူ အသင်းသားများကလည်း လူငယ်များဖြစ်ပေမဲ့ တက်တက်ကြွကြွနဲ့ ကိုယ့်တာဝန် သူ့တာဝန် ကျေပွန်အောင် ဆောင်ရွက်နေသည်ကလည်း အားရစရာဖြစ်သည်။

ဓမ္မကထိကများ သက်သောင့်သက်သာ ဖြစ်အောင်လည်း စီမံပေးသည်၊ ဒေသတွင် လေ့လာစရာများကိုလည်း လေ့လာခွင့်ရအောင် ဆောင်ရွက်ပေးသည်။ ကမ္ဘာကျော် သဖန်းဆိပ်ရေလှောင်တမံနှင့် ရေအားလျှပ်စစ်ဌာနကိုလည်း လေ့လာခွင့်ရစေသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၂-၂၀၁၅
www.sitagustar2020.net

Viewing all articles
Browse latest Browse all 413

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>