သီတဂူစတား မလေးရှား တရားပွဲ (၂)
၁၇-၁-၂၀၁၅ နေ့ စနေနေ့ည၊ မလေးရှားနိုင်ငံ၊ ပီနန်၊ ဘတ်တာဝပ် (butterworth)မြို့ရှိ တရုပ်သူဋ္ဌေး ခန်းမဆောင်၌ သီတဂူစတား (ဒေါက်တာ အရှင်ကောဝိဒသိရီ)သည် ထိုမြို့အနီးတ၀ိုက်ရှိ မြန်မာနိုင်ငံသူ-သားများအား တရားဓမ္မများ ချီးမြင့်ခဲ့သည်။
ထိုတရားပွဲကို မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်း (၁၂)က ပူးပေါင်း ကမကထပြုလုပ်သည်။ တရားနာပရိသတ် တစ်ထောင်ကျော်တက်ရောက် နားယူကြသည်၊ ကမ္ပဏီပိုင်ရှင် တရုပ်သူဋ္ဌေးများလည်း လာရောက် တရားနာယူကြသည်။
မိဘကိုပြုစုလုပ်ကျွေးမယ်၊ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့မယ် မိဝေး ဖဝေး အဆင်းရဲဒဏ် ပင်းပန်းခံ၍ သူများနိုင်ငံမှာ အလုပ်လုပ်နေကြသည်။ ကိုယ့်နိုင်ငံ၏ လစာသည် တစ်ယောက်စာအတွက်တောင် အနိုင်နိုင် ဖြစ်ရသည့်အတွက်ကြောင့်လည်း ရေကြည်ရာ မြက်နုရာသို့ ထွက်လာကြခြင်းဖြစ်သည်။
ထို့အတွက် မိဘကျေးဇူးအကြောင်း အမေ အဖေအလွမ်းပြေ တရားတစ်ပုဒ် ဟောပေးခဲ့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁-၂၀၁၅
www.sitagustar2020.net