(၁၉)ခုမြောက် သီတဂူစက္ခုဒါနဆေးရုံ
သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံကို ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဇေယျသုခဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင် တည်ဆောက် ဖွင့်လှစ်သည်။ ၂၀၁၂- နိုဝင်ဘာ ၁၄ ရက်နေ့တွင် သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
(သီတဂူစက္ခုဒါန ဆေးရုံဖွင့်လှစ်ပွဲ)
သီတဂူသာသနာပြုအဖွဲ့၏ ၁၉ ခုမြောက်ဆေးရုံတော်ဖြစ်သော သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ (နမ့်ခမ်း)ကို သီတဂူသာသနာပြုအဖွဲ့မှ ကျပ်သိန်းပေါင်း ၄၀၀၀ (လေးထောင်) ကျော် ပါဝင် လှူဒါန်းထားသည်ဟု သိရသည်။
ယခု ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က စပြီး မျက်စိဝေဒနာရှင်များကို အခမဲ့ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်းများကို ပြုလုပ်နေပြီ ဖြစ်သည်။
(ဖွင့်ပွဲအခမ်းအနား မြင်ကွင်း)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁၁-၂၀၁၂