Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်

$
0
0

သီတဂူဆရာတော်ကြီး၏ မွေးနေ့ပို့စ် ဖိတ်ကြားခြင်း 

စာရေးသူသည် ဘလော့ဂ်စတင်ရေးခဲ့သည့်နှစ်မှ စ၍ စာရေးသူ၏ သီတဂူစတားဆိုက်တွင် ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ မွေးနေ့ပို့စ်များကို နှစ်စဉ် ဖိတ်ခေါ်၍ ပူဇော်လျှက်ရှိသည်။

ယခုနှစ် ၁၃၇၄ခု၊ တပေါင်းလပြည့်နေ့ (၂၀၁၃ မတ်လ ၂၆ရက်၊)တွင် သီတဂူဆရာတော်ကြီးသည် ၇၆ နှစ်ပြည့် မွေးနေ့ပူဇာ ဖြစ်ပါသည်။ဆရာတော်ကြီးသည် မိမိခန္ဓာ ကျန်းမာသရွေ့ လူမျိုးဘာသာ သာသနာအတွက် ရေအလှူတော်များ၊ ဆေးရုံအလှူတော်များ၊ တက္ကသိုလ်အလှူတော်များ၊ ပညာရေးအလှူတော်များ၊ ကျန်းမာရေးအလှူတော်များ၊ သဘာဝဘေးဒဏ်အတွက် အလှူတော်များ စသည် စသည်အားဖြင့် ပြုလုပ်အားထုတ်ခဲ့သည်မှာ သက်တော် ၇၆ နှစ်ပင် ရှိလာပြီဖြစ်သည်။

သို့ဖြစ်ပါ၍ သီတဂူဆရာတော်ကြီး၏ လူမျိုး ဘာသာ သာသနာပြုလုပ်ငန်းများကို ကြည်ညိုလေးစားကြသော တပည့်အပေါင်းတို့သည် ထိုမွေးနေ့ပူဇာအတွက် ပို့စ်များကို မိမိတို့၏ သဒ္ဓါ ပညာ ၀ီရိယတို့ဖြင့် ရေးသားပူဇော်နိုင်ပါသည်။ သီတဂူစတားဆိုက်တွင် ပူဇော်ပေးမည် ဖြစ်ပါသည်၊ ၀က်ဘဆိုက်၊ ဘလော့ဂ်ရေးသားသူများလဲ မိမိတို့ဆိုက်မှာလည်း ပူဇော်နိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ 

ထိုကဲ့သို့ ပူဇော်ရာတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ကဗျာ၊ ဆောင်းပါး၊ ပို့စ်၊ စသည်အားဖြင့် ကြိုက်နှစ်သက်ရာ ပူဇော်နိုင်ပါသည်။


ပေးပို့ရန် အီးမေးလ်
sitagustar2010@gmail.com နှင့် sitagustar.0073@gmail.com

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၀၁-၂၀၁၃

Viewing all articles
Browse latest Browse all 413

Trending Articles