Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

သီတဂူဆရာတော် နီပေါလ်နိုင်ငံသို့ ကြွခြင်း

$
0
0
သီတဂူဆရာတော် နီပေါလ်နိုင်ငံသို့ ကြွခြင်း

မြတ်ဗုဒ္ဓဖွားရာဒေသ လုမ္ဗိနီသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်၊ ယခုအခါ ကာကွယ်စောင့်ရှောက်ဖို့လိုအပ်သည့် အချိန်ဖြစ်သည်။ မြတ်ဗုဒ္ဓဖွားရာ နယ်နိမိတ်အတွင်း စီးပွားရေးဇုန်များ၊ တခြားယဉ်ကျေးမှုများ၊ ဘာသာများက တိုးဝှေ့နေရာယူလျက်ရှိသည်၊ ထိုအရေးကို နိုင်ငံတကာရဲ့အမွေအနှစ်ဖြစ်သည့်အားလျော်စွာ တကမ္ဘာလုံးကတာဝန်ရှိကြောင်း ပြသဖို့လိုသည်။

သီတဂူဆရာတော်ကြီးသည် နီပေါလ်နိုင်ငံ ဒေါက်တာ အရှင်ဥာဏပုဏ္ဏိကထေရ်နှင့်ပူးပေါင်း၍ နိုင်ငံတကာ ဗုဒ္ဓဘာသာ ထိပ်သီးအစည်းဝေးကို ကျင်းပနိုင်ရန် လူအင်အား (Man Power) ငွေအင်အား (Money Power) ပစ္စည်းအင်အား (Material Power) စိတ်ဓာတ်အင်အား (Mind Power) များ စိုက်ထုတ်လျက်ရှိသည်။

၁။ ဗုဒ္ဓအမွေအနှစ် တိုးတက်ပြန့်ပွားရေး (Promotion of Buddhist Cultural Heritage)
၂။ ဗုဒ္ဓအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး (Preservation of Buddhist Cultural Heritage)
၃။ ဗုဒ္ဓအမွေအနှစ် ကာကွယ် စောင့်ရှောက်ရေး (Protection of Buddhist Cultural Heritage) ခေါင်းစဉ်တို့ဖြင့် စာတမ်းများတင်သွင်းကြမည် ဖြစ်သည်။

ထိုအစည်းအဝေးကြီး မကျင်းပမီ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန် နီပေါလ်သို့ အချိန်လု၍ ကြွလေ့ရှိသည်။ အောက်တိုဘာလ ၁၀-၁၁-၁၂-ရက်များ နီပေါလ်၊ လုမ္ဗိနီကြွရောက်၍ အစည်းဝေးကျင်းပရာ နေရာ၊ နိုင်ငံတကာမှ ကိုယ်စားလှယ်များ တည်းခိုရာ နေရာ၊ ဟိုတယ် စသည်များကို သွားရောက် စစ်ဆေးသည်။

ဆရာတော်ကြီးသည် တကမ္ဘာလုံးအေးချမ်းစေရန် ခိုစာများလည်း ကျွေးခဲ့သေးသည်။

၁၂ရက်နေ့ညက ရန်ကုန်မြို့သို့ ပြန်ကြွလာ၍ ၁၃ရက်နေ့ ညပိုင်း ကိုရီးယားလေကြောင်းဖြင့် ကနေဒါနိုင်ငံသို့ ကြွရောက်မည် ဖြစ်ပါသည်။

နိုင်ငံတကာ အစည်းဝေးရက်များ--၂၀၁၄၊ နိုဝင်ဘာလ-၁၅-၁၆-၁၇ ရက်များဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁၀-၂၉၁၄

Viewing all articles
Browse latest Browse all 413

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>