Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

သီတဂူဆေးအလှူတော် ဖိတ်မန်ခြင်း

$
0
0
သီတဂူဆေးအလှူတော် ဖိတ်မန်ခြင်း

သီတဂူအာယုဒါနဆေးရုံ (အထွေထွေဆေးရုံ)၊ (စစ်ကိုင်း)ကို မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ် စတင်တည်ဆောက်၍ ၁၃၅၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

စတင်ခဲ့စဉ်က
ထိုဆေးရုံတော်ကို ကုဋင် ၁၆၊ ၀န်ထမ်း ၂၀ ယောက်ဖြင့် စတင်ခဲ့သည်။ ထိုအချိန်က စစ်ကိုင်းတောင်တော်တွင် ချောင်ပေါင်း ကျောင်းပေါင်း ၄၀၀ (လေးရာ)နှင့် ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်ပေါင်း ၄၀၀၀ (လေးထောင်) သာရှိခဲ့သည်။

ယနေ့ သီတဂူအာယုဒါနဆေးရုံ
ယခုအခါ ချောင်ပေါင်း ကျောင်းပေါင်း ၁၁၇၀နှင့် ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်ပေါင်း ၁၇၀၀၀ (တစ်သောင်း ခုနှစ်ထောင်) ထိ ရောက်လာသည်။
သို့ဖြစ်ခြင်းကြောင့် ဆေးရုံတော်ကို ၁၆ ကုဋင်မှ ကုဋင် ၁၀၀ အထိတိုးချဲ့ခြင်း၊ ၀န်ထမ်းများကိုလည်း အယောက် (၁၀၀) အထိ တိုးချဲ့ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထို့ပြင်ပြင် မျက်စိဌာနကိုလည်း သီးခြားဖွင့်လှစ်ခဲ့ရသည်၊ ယခုအခါ နှလုံးအထူးကုဌာနကိုပါ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။

ဆေးရုံ၏ကုန်ကျစရိတ်

ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်အပေါင်းတို့ကို အခမဲ့ဆေးကုသပေးခြင်း၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကပ်လှူ ကုသိုလ်ပြုပါသည်။
အိမ်နေသူ (ဃရာဝါသ) လူတို့မှာတော့ အနည်းငယ်မျှ ဘဏ္ဍာစားပေးရပါသည်။
ဝန်းထမ်း (၁၀၀)အတွက် လစာပေးခြင်း၊ ဆေးဖိုး၊ ဆွမ်းကျွေးစရိတ်တို့သည် တစ်လလျှင် ကျပ်သိန်းပေါင်း (၁၀၀ မှ၁၅၀) အထိ ကုန်ကျပါသည်။

သီတဂူ ဒေသအသီးသီးမှ ဆေးရုံ
နယ်ဆေးရုံတော်များကို ပြည်တွင်း ပြည်ပ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲ အထူးကု ဆရာဝန်ကြီးများ၊ လည်ပင်းကြီးရောဂါအထူးကု ဆရာဝန်များဖြင့် သွားရောက် ကုသ ကုသိုလ်ပြုပါသည်။

ထိုသို့ကုသိုလ်ပြုရာတွင် မျက်စိတစ်ခါခွဲလျှင် (၇၅)သိန်းမှ သိန်း (၁၀၀) အထိကုန်ကျပါသည်။

သို့ဖြစ်ခြင်းကြောင့်
သီတဂူအာယုဒါနဆေးရုံတော် (စစ်ကိုင်း)အတွက် ဆေးအလှူတော်ကို တစ်လ ကျပ်သိန်း ၁၀၀ မှ ၁၅၀ တစ်နှစ်စာ (၁၂-လ) အလှူရှင် ၁၂ ဦးခန့်အလိုရှိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
www.sitagustar2020.net 

ဆက်သွယ်ရန် ဖုန်းများ
---------------------------

ပြည်ပ--
အမေရိကန်နိုင်ငံ- ဒေါက်တာ အရှင်အရိယဓမ္မ ဖုန်း--- 512 301 3968
စင်္ကာပူနိုင်ငံ--- ဦးတင်မောင်ဝင်းး ဖုန်း---+၆၅-၉၃၈ ၆၆၈၄၀
အင်္ဂလန်နိုင်ငံ-ဒေါက်တာ ဦးကိုကို ဖုန်း---+၄၄၇၉၇၃ ၁၈၁၈၅၄/ +၄၄၂၀၈၇ ၆၃၉၈၀၆
ပြင်တွင်း--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဖုန်း ၀၇၂-၂၁၆၁၁
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဖုန်း ၀၂-၇၅၂၇၈
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖုန်း ၀၁-၅၈၁ ၇၇၇၊ ၀၁-၅၈၁ ၈၈၈

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၀-၂၀၁၄

Viewing all articles
Browse latest Browse all 413

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>