Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

ချမ်းမြသီတဂူသွေးအလှူတော် (ဒု-အကြိမ်)

$
0
0
ချမ်းမြသီတဂူသွေးအလှူတော် (ဒု-အကြိမ်)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းတော်သူ ကျောင်းတော်သားများဖြင့် ဖွဲ့စည်းထားသော “ချမ်းမြသီတဂူ” သွေးအလှူအသင်းကြီးသည် ၃၀-၇-၂၀၁၄ နေ့က ရန်ကုန်မြို့၊ အမျိုးသားသွေးလှူဘဏ်သို့ သွေးပုလင်းပေါင်း (၁၀၀) ကျော် သွားရောက်လှူကြသည်။

ယနေ့အလှူသည် ဒုတိယအကြိမ် အလှူဖြစ်သည်၊ ကျောင်းသား၊ ကျောင်းသူ ၁၃၂ ယောက် သွားရောက်လှူကြသည်။
အခမ်းအနားကျင်းပရာတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဥက္ကဋ္ဌ (ပညာရေး၊ အုပ်ချုပ်ရေး) ဒေါက်တာ အရှင်ပညောဘာသ၊ အဖွင့်အမှာစကားပြောခြင်း၊ အမျိုးသားသွေးလှူဘဏ်မှ ဆရာမတစ်ဦးက သွေးအလှူနှင့်စပ်သော အကြောင်းအရာများ ရှင်းလင်းပြခြင်း၊ အရှင်တေဇနိယက ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် သွေးအလှူရှင်များ၊ မော်တော်ယာဉ်အလှူရှင်များ၊ လှူဖွယ်များအလှူရှင်များကို ဥက္ကဋ္ဌ ဒေါက်တာအရှင်ပညောဘာသနှင့် သွေးအလှူဖြစ်မြှောက်ရေး အကျိုးဆောင် အရှင်တေဇနိယ (Advanced Level) ကျောင်းသားတို့က ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

ချမ်းမြသီတဂူသွေးအလှူအသင်းကြီး၏ ဒုတိယအကြိမ် သွေးလှူဒါန်းပွဲကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဒေါက်တာ အရှင်ပညောဘာသ (ဥက္ကဋ္ဌ)နှင့် ဒေါက်တာအရှင်ကောဝိဒသိရီ- သီတဂူစတား (ဒု-ဥက္ကဋ္ဌ)တို့က ဦးဆောင်သွားကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၇-၂၀၁၄

Viewing all articles
Browse latest Browse all 413

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>