သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစည်းအဝေး
စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အလုပ်မှုဆောင်အဖွဲ့ (EC)၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာရေးအစည်းအဝေးပွဲကို ၃-၄-၂၀၁၄ နေ့တွင် စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပမည် ဖြစ်သည်။
ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စီမံအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)၊ ပါမောက္ခ ဒေါက်တာ အရှင်သုတာစာရာလင်္ကာရနှင့် ဆရာကြီး ဦးကျော်စိုးလွင် (အင်္ဂလိပ်ဆရာ) တို့သည် ဆရာတော်ကြီး၏ ကောင်းမှုဖြင့် ညနေ ပိုင်း ဝေဟင်ခရီးဖြင့် တက်ရောက်မည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၄-၂၀၁၄