သီတဂူဆရာတော်ကြီး သက်တော်(၇၇)နှစ်ပြည့်
မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ
မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ
သီတဂူဆရာတော်ကြီးသက်တော်(၇၇)နှစ်ပြည့် မွေးနေ့ပူဇော်ပွဲကို ၁၃၇၅-ခု၊ တပေါင်းလဆန်း (၁၃)(၁၄)(၁၅) ရက်နေ့များတွင် စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါ သည်။
(၁) တပေါင်းလဆန်း(၁၄)ရက်နေ့တွင် သီလရှင် အပါး(၁၀၀၀)တို့အား အရုဏ်ဆွမ်း ရွှေတောင်
(၁) တပေါင်းလဆန်း(၁၄)ရက်နေ့တွင် သီလရှင် အပါး(၁၀၀၀)တို့အား အရုဏ်ဆွမ်း ရွှေတောင်
ခေါက်ဆွဲကျွေးမွေး၍ သီလရှင်ဝတ်စုံ၊ အုန်းထမင်း၊ ဟင်းငါးမျိုးနှင့် လှူဖွယ် မျိုးစုံလောင်းလှူပါမည်။
(၂) တပေါင်းလပြည့်နေ့တွင် ပင့်သံဃာအပါး (၁၀၀၀)တို့အား ခိုတောင် မုန့်တီလက်သုပ်ဆွမ်း ဆက်
ကပ်၍ သင်္ကန်း၊ သပိတ်၊ ဒံပေါက်ဆွမ်း၊ ဟင်းငါးမျိုး၊ သစ်သီးများ၊ မုန့်မျိုးစုံများနှင့် လှူဖွယ်ပစ္စည်း
မျိုးစုံတို့ ကို လောင်းလှူမည်ဖြစ်ပါသည်။
(ခ) လပြည့်နေ့ညတွင် သီတဂူဂီတဉ္ဇလီ(အလင်္ကာဝတ်ရည်) တေးဂီတအဖွဲ့။
(ဂ) တပေါင်းလပြည့်ကျော် (၁)(၂)ရက်ညများတွင် မင်းသား ဖိုးချစ်ဇာတ်သဘင် အဖွဲ့တို့က ဖျော်ဖြေ တင် ဆက်ကြပါမည်။
သီတဂူကို ကြည်ဖြူကြသည့် ပြည်သူအားလုံးကို ဖိတ်ကြားအပ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၃-၂၀၁၄